Wednesday, November 30, 2016

ကွတ်ခိုင်အနီး နမ့်ပါချီတွင် ကားများကိုတားသည့် လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော် ပစ်ခတ်မှုဖြစ်ပွား

 နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၁၁ နာရီခန့်က ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နဲ့ ၂ မိုင်အကွာက နမ့်ပါချီရွာ ကျောက်ထုတ်စခန်းအနီးမှာ သွားလာနေတဲ့ အရပ်သားယာဉ်တွေကို တားဆီးနေတဲ့ KIA အဖွဲ့နဲ့ လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့တယ်။  ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် (၂)မိုင်ခန့်အကွာ နမ့်ပါချီရွာ ကျောက်ထုတ်စခန်းအနီးတွင် နိုဝင်ဘာလ (၂၉)ရက် နံနက် (၁၁)နာရီဝန်းကျင်က ကားများကိုတားနေသည့် လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့အကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကြောင်း အဆိုပါလမ်းပိုင်းမှ ကားမောင်းသူတစ်ဦးထံမှ သိရသည်။



"မျက်စိရှေ့တင် ပစ်ခတ်မှုဖြစ်တာ။ ကားတွေကို ကေအိုင်အေဘက်တံဆိပ်နဲ့လူတွေက တားပြီးရပ်ခိုင်းတာ။ အဲဒီအချိန် စစ်တပ်က ချက်ချင်းတွေ့ပြီး ပစ်ကြတာ။ သူပစ်ကိုယ်ပစ်ပဲ ကားသမားတွေနဲ့ အနီးနားက လူတွေကတော့ ကျောက်ထုတ်တဲ့စခန်းကို ပြေးတဲ့သူကပြေး၊ တွေ့ရာ နေရာဝပ်ပြီး ပုန်းနေကြရတယ်"ဟု အခင်းဖြစ်ပွားရာနေရာတွင် ရှိနေခဲ့သည့် ကားသမားတစ်ဦးက ပြောသည်။

ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ကားအစီး(၄၀)ခန့် ပိတ်မိနေခဲ့သော်လည်း ပစ်ခတ်မှုကြောင့် ခရီးသွားများ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ရှောင်ပြေး၍ ပွန်းပဲ့ဒဏ်ရာများသာ ရရှိခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ကိုင်အဖွဲ့က ကားလမ်းမအတိုင်းထွက်ပြေးသွားသည်ကို တွေ့ရကြောင်း ခရီးသွားအချို့ထံမှ သိရသည်။

လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များတွင် နိုဝင်ဘာလ (၂၀) ရက်နေ့က စတင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးနောက် နယ်မြေအတွင်း မကြာခဏ ပစ်ခတ်မှုအချို့ ဖြစ်ပွားနေခြင်းဖြစ်သည်။

သတင်း - နေဖြိုးမြင့်

No comments:

Post a Comment