Wednesday, November 30, 2016

ဝက်စ်ဘရွန်းနည်းပြတိုနီပူးလစ်အား လျော်ကြေးငွေပေးရန် ခရစ္စတယ်ပဲလေ့စ်အသင်း ကြန့်ကြာမှုများရှိနေ

ပရီးမီးယားလိဂ်ကလပ် ခရစ္စ တယ်ပဲလေ့စ်အသင်းသည် ရာထူးမှ ထုတ်ပယ်ခဲ့သည့် နည်းပြဟောင်းတိုနီ ပူးလစ်အား လျော်ကြေးငွေပေးချေ ရန် နှောင့်နှေးကြန့်ကြာမှုများရှိနေ ကြောင်း၊ စာချုပ်လျော်ကြေးငွေ
ပေါင် နှစ်သန်းပေးချေရန် ပဲလေ့စ်အသင်း တာဝန်ရှိသူများဘက်မှ အချိန်ဆွဲမှု များရှိနေကြောင်း ဗြိတိန်မီဒီယာများ ၏ ဖော်ပြချက်အရသိရသည်။ လက်ရှိဝက်စ်ဘရွန်းအသင်း အား တာဝန်ယူကိုင်တွယ်နေသည့် ပရီးမီးယားလိဂ်ဝါရင့်နည်းပြ တိုနီပူး လစ်သည် ပဲလေ့စ်အသင်းနှင့်လမ်းခွဲ ခဲ့ပြီးနောက် စာချုပ်လျော်ကြေး ပေါင် ၃ဒသမ၂သန်းရရှိရန်ေ တာင်းဆိုခဲ့ သော်လည်း အပြီးသတ်ညှိနှိုင်းဆွေး နွေးမှုအရေ ပါင်နှစ်သန်းပေးချေရန် နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သော် လည်း ပဲလေ့စ်အသင်းဘက်မှ ယနေ့ အချိန်အထိ လစ်ဟင်းမှုများရှိနေ ကြောင်း သိရသည်။ နည်းပြတိုနီပူးလစ်အနေဖြင့် ၎င်းင်း ရသင့်ရထိုက်သည့် ပေါင်နှစ်သိန်း အား အမြန်ဆုံးပေးချေရန် ပဲလေ့စ် အသင်းဥက္ကဋ္ဌ စတိဗ်ပါရစ်ခ်ျထံတောင်း ဆိုမှုများပြုလုပ်ခဲ့ပြီး မိသားစုဝင်များ နှင့် သားသမီးများအတွက် အခြေခံလို အပ်ချက်အတွက် ဖြည့်ဆည်းပေး နိုင်ရန် တောင်းဆိုမှုများပြုလုပ်ခဲ့ ကြောင်းလည်း သတင်းဖော်ပြမှုများ အရသိရသည်။ WKM

No comments:

Post a Comment