Thursday, November 17, 2016

ဘင်္ဂါလီလူမျိုးများ ၁၉၈၂ နိုင်ငံသားဥပဒေအရ စစ်ဆေးခံရန် ရခိုင်အကြံပေးကော်မရှင် တိုက်တွန်း

ရခိုင်အရေးဖြေရှင်းနိုင် ရန် ဘင်္ဂါလီလူမျိုးများအနေဖြင့် ၁၉၈၂ နိုင်ငံသားဥပဒေ အရ စိစစ်မှုခံယူကြရေး ရခိုင်အကြံပေးကော်မရှင်က တိုက်တွန်းခဲ့သည်။ သုံးရက်ကြာခရီးစဉ်အဖြစ် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေ သည့် အကြံပေးကော်မရှင်အဖွဲ့ ၀င်များသည် နိုဝင်ဘာ ၁၆ ရက်က စစ်တွေမြို့ ၀န်းကျင်ရှိ ဘင်္ဂါလီ ကျေးရွာများ၊ ဒုက္ခသည်စခန်းများ သို့ သွားရောက်လေ့လာခဲ့သည်။ေ က်ာမရှင်နှင့် တွေ့ဆုံရာ တွင် ဘင်္ဂါလီလူမျိုးများဘက်က နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရန် တင်ပြခဲ့ပြီး ကော်မရှင်က  တည်ဆဲဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း သဲချောင်းကျေးရွာမှ ဘင်္ဂါလီလူမျိုး  တစ်ဦးက  ပြောကြားသည်။ေ က်ာမရှင်အနေဖြင့် စစ်တွေမြို့နယ်ရှိ ရခိုင်တိုင်းရင်းသားကျေး ရွာများနှင့် အစ္စလာမ်ကျေးရွာများ၊ ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲ့ကြောင်း အဖွဲ့ဝင်အချို့ က ဆိုသည်။ ထို့အပြင် အစ္စလာမ် ဘာသာဝင်ကျေးရွာလူကြီးများ နှင့် တွေ့ဆုံရာတွင် တည်ဆဲဥပဒေဖြစ်သည့် ၁၉၈၂ နိုင်ငံသားဥပဒေ နှင့် စတင်ဆောင်ရွက်ရန် ကော်မ ရှင်က ပြောကြားခဲ့ကြောင်း သ တင်းရရှိသည်။



‘‘တည်ဆဲဥပဒေတစ်ခုပေါ့။ ဒါကို ဘေးဖယ်ထားလို့တော့မရ ဘူး။ ဒါကိုပြင်ဖြစ်မှဆိုရင်လည်း နှစ်ပေါင်းဘယ်လောက်ကြာမယ် မသိဘူး။ ဒါက ထွက်ပေါက်တစ် ခုပေါ့။ အဲဒီထဲက အကောင်းဆုံး ဟာကို စေတနာပါပါနဲ့ နှစ်ဖက်လူ့ အဖွဲ့အစည်းဆိုလည်း သူ့ရဲ့ လုပ် ထုံးလုပ်နည်းကို နားလည်အောင် လုပ်မယ်ဆိုရင် ပထမခြေလှမ်း ထွက်ပေါက်အနေနဲ့ ဒါနဲ့ပဲသွားရ မယ့် တည်ဆဲဥပဒေတစ်ခုပဲ ပြီး တော့လိုအပ်လို့ ပြုပြင်စရာက နှစ် ဖက်လူ့အဖွဲ့အစည်းက သဘော ပေါက်ရင် အလိုလိုဖြစ်လာမှာပါ။ အဓိကက ယုံကြည်မှုတည်ဆောက်ဖို့ပဲ ကျွန်တော်တို့ အခုလာခဲ့တာ’’ ဟု ကော်မရှင်အဖွဲ့ဝင် ဦးအေး လွင်က ပြောသည်။

မစ္စတာကိုဖီအာနန်ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော  ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ကို ပြီးခဲ့ သည့် သြဂုတ်လအတွင်းက ဖွဲ့စည်းခဲ့ပြီး လေ့လာတွေ့ရှိချက်များကို တစ်နှစ်တာကာလ အတွင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်မှတစ်ဆင့် အစိုးရထံတင် ပြရမည်ဖြစ်သည်။

အကြံပေးကော်မရှင်သည် မောင်တောဒေသသို့ သွားရောက် ရန် မူလက စီစဉ်ထားသော်လည်း လုံခြုံရေးအခြေအနေအရ ခရီးစဉ် ကို ဖျက်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။

‘‘လုံခြုံရေး အခြေအနေ မ ကောင်းဘူးဆိုတဲ့ သူတို့ (အစိုးရ) ရဲ့ သုံးသပ်မှုကို ပြောတယ်။ မသွားဖို့ဆိုတာက ကျွန်တော်တို့က ဆုံး ဖြတ်တာပါ။ ဒီတစ်ခေါက်မှာပေါ့’’ ဟု ဦးအေးလွင်က ဆိုသည်။ အောင်ခိုင်၊ မောင်ကံ

No comments:

Post a Comment