Monday, November 21, 2016

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ပစ်ခတ်မှုများဖြစ်ပွားခြင်းကြောင့် လားရှိုးမြို့ရှောင်လမ်း တိုးဂိတ်မှစကာ ဖြတ်သန်းသွားလာမှု ယာယီပိတ်ထား

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ပစ်ခတ်မှုများဖြစ်ပွားခြင်း၊ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းပေါ်ရှိ တံတားများ မိုင်းဖောက်ခွဲ ဖျက်ဆီးခံရခြင်းများကြောင့် မူဆယ်သို့ သွားရောက်ကြမည့် ခရီးသည်တင်ယာဉ်များ၊ ဖရဲသီးတင်ယာဉ်များ၊ ကုန်တင်ယာဉ်များအား ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် လားရှိုးမြို့ရှောင်လမ်း တိုးဂိတ်မှ စတင်ကာ ဖြတ်သန်းသွားလာမှုအား ယနေ့(နိုဝင်ဘာလ ၂၀ ရက်) နံနက် ၉ နာရီခန့်မှစ၍ ယာယီပိတ်ထားကြောင်း သိရသည်။ လားရှိုးမြို့ရှောင်လမ်းတွင် မူဆယ်မြို့သို့ သွားရောက်ကြမည့် ခရီးသည်တင် ကုန်တင်ယာဉ်ကားစီးရေ အများအပြား စောင့်ဆိုင်းနေကြောင်း သိရသည်။
ဓာတ်ပုံ~ထွန်းနေလှိုင်(နောင်ပိန်)

No comments:

Post a Comment