Saturday, November 19, 2016

ဆူဇူကီးဖလားတွင် မြန်မာ့လက်ရွေးစင်အသင်း နောက်ဆုံးလေ့ကျင့်မှုပြုလုပ်သူများအနက် တစ်ဦးသာ ကျန်ခဲ့ပြီး အသင်းသား ၂၃ ဦးဖြင့် ယှဉ်ပြိုင်မည်

အာဆီယံဒေသအတွင်း အဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်သည့် ၂ဝ၁၆ အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ့ လက်ရွေးစင် အသင်း ပဏာမလက်ရွေးစင် ကစားသမား ၂၄ ဦးအနက် တစ်ဦးလျှော့ချကာ အပြီးသတ် ၂၃ ဦး ရွေးချယ်လိုက်ကြောင်း သိရသည်။ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် အပြီးသတ် လူစာရင်း ထုတ်ပြန်ကြေညာရာတွင် အမာခံကစားသမားများ အစုံအလင်ပါဝင်လာပြီး ၂၄ ဦးဖြင့် နောက်ဆုံး လေ့ကျင့်ခဲ့သောကြောင့် တစ်ဦးသာ လျှော့ချခဲ့ ရ ခြင်းဖြစ်သည်။ နောက်ခံလူ သိန်းဇော်အနေဖြင့် အပြီးသတ် ရွေးချယ် ရာတွင် ကျန်ရစ်ခဲ့သည်။

လက်ရွေးစင်အသင်းတွင် အုပ်ချုပ်သူ- ဦးသန်းတိုးအောင်၊ နည်းပြချုပ်- ဂတ်ဖရိုင်းဒရစ်၊ လက်ထောက် နည်းပြ-ဦးကြည်လွင်နှင့် ဦးဇော်ဝင်းထွန်း၊ ဂိုးနည်းပြ- ဦးအောင်ကျော်ကျော်၊ ကြံ့ခိုင်ရေးနည်းပြ- မီဂိုဆလပ်၊ ဂိုး-ကျော်ဇင်ဖြိုး (မကွေး)၊ ပြည့်ဖြိုးအောင်(Southern)၊ ရန်အောင်လင်း(ရတနာပုံ)၊ နောက်တန်း- ဇော်မင်းထွန်း၊ ဒေးဗစ်ဒန်း (ရန်ကုန်)၊ နန္ဒကျော်၊ ကျော်ဇင်လွင် (မကွေး)၊ ဟိန်းသီဟဇော်၊ ဝင်းမင်းထွဋ် (ရှမ်းယူနိုက်တက်)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ အလယ်တန်း- ရဲကိုဦး၊ မျိုးကိုထွန်း၊ လှိုင်းဘိုဘို (ရတနာပုံ)၊ ရန်အောင်ကျော် (ရန်ကုန်)၊ ဇင်ဖြိုးအောင် (ဇွဲကပင်)၊ မောင်မောင်လွင် (ဟံသာဝတီ)၊ ဆက်ဖြိုးဝေ (မကွေး)၊ ရန်နိုင်ဦး (ရှမ်းယူနိုက်တက်)၊ ကောင်းဆက်နိုင် (ဆာမက်ဆာခွန်/ရန်ကုန်)၊ ရှေ့တန်း- အောင်သူ၊ ဝင်းနိုင်စိုး (ရတနာပုံ)နှင့် သန်းပိုင်( ရန်ကုန်) တို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် အုပ်စု(ခ)တွင် ပါဝင်ခဲ့ပြီး မလေးရှား၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား အသင်းတို့နှင့် ယှဉ်ပြိုင် ကစားကြရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များ ကို နိုဝင်ဘာလ ၂ဝ၊ ၂၃၊ ၂၆ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၂ဝ ရက်တွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ စတင် ယှဉ်ပြိုင်ရမည်ဖြစ် သည်။

No comments:

Post a Comment