Tuesday, November 29, 2016

မြန်မာ - မလေးရှားပွဲနေ့က ခိုက်ရန်ဖြစ်ပွားမှု

မလေးရှားပွဲနေ့က ခိုက်ရန်ဖြစ်ပွားမှု ဗီဒီယိုဖိုင်  
ဘောလုံးကွင်းထဲ ခိုက်ရန်ဖြစ်ပွားတဲ့ သူတိုင်းလိုလိုကို ကြည့်လိုက်ရင် အရက်သေစာသောက်စား မူးယစ်သူများကြောင့်သာ အဖြစ်များဆုံးပါ။ ပွဲကို ဆူပူစေတာ ရန်စများ စေတာလည်း အရက်သေစာ သောက်စားထားသူများကြောင့်လို့ ၉၀ ရာခိုင်နှုန်းအသေအချာပါပဲ။ တကယ်ဆို အရက်သေစာ သောက်စားထားသူတိုင်းကို ကွင်းထဲပေးမဝင်ဘူးဆိုပါကဘယ်လိုပြဿနာမှ ကြီးကြီးမားမား မဖြစ်နိုင်ပါဘူး။ နောက်တစ်ချက်က ကွင်းအတွင်း Security ကလည်း အင်မတန် အားနည်းလွန်းလှပါတယ်။ တစ်ယောက်စ နှစ်ယောက်စ ချထားတဲ့ Security ကလည်း လက်ပိုက်ကြည့်ရုံမျှ ဘာမှမတတ်နိုင်ပါ။ နောက်နောင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်ပါကြောင်း လေးနက်စွာဖြင့် တင်ပြအပ်ပါတယ်။ ယခု ဗီဒီယိုဖိုင်အား နိုင်ငံသိက္ခာအရ မတင်ချင်ပေမယ့် မပြောမပြီး မတီးမမြည်ဆိုသလို ပြောလိုက်ရခြင်းဖြစ်ပါတယ်။

No comments:

Post a Comment