Friday, November 18, 2016

"ရဲတပ်ဖွဲ့ လုံခြုံရေးယူပြီး ကုန်စိမ်းပျံကျဈေးသည်တွေကို နေရာရွှေ့"

သီရိမင်္ဂလာ ဈေးသစ်နဲ့ ဘုရင့်နောင် ကားလမ်းမကြီးဘေးမှာ ရောင်းချနေတဲ့ ကုန်စိမ်းပျံကျဈေးသည် ၉၀၀ကျော်ကို နေရာပြောင်းရွှေ့ချထားလိုက်ပြီဖြစ်ပါတယ်။ ဈေးသည်တွေကို နေရာပြောင်းရွေ့ချထားဖို့ အတွက် ရဲတပ်ဖွဲ့ဝင် ၃၀၀ကျော် လာရောက်လုံခြုံရေး ယူပေးထားတာကိုလည်း တွေ့ရပါတယ်။ ဂိုဒေါင်အတွင်းကို ပြောင်းရွေ့ခံရတဲ့ ကုန်စိမ်းဈေးသည်တွေက အဲဒီနေရာမှာ မရောင်းချင်တဲ့ အတွက် ကန့်ကွက်ပြောဆိုခဲ့ကြပါတယ်။

No comments:

Post a Comment