Tuesday, November 29, 2016

မဟာအောင်မြေမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နိုဝင်ဘာ ၂၅ ရက်က မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် မဟာအောင်မြေ မြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၆၃×၆၄ လမ်းကြား၊ ၄၂× ၄၃လမ်းကြားနေ ရွှေဘုန်းကျော်ခင် ၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ မျိုးဝင်း၊ စိုးသီဟငြိမ်း၊ မစန်းအေး တို့အား တွေ့ရှိရပြီး ဧည့်ခန်း စားပွဲရှိ ကောက်ညှင်းကျည်တောက်နှင့် နေအိမ်အဝင်ပေါက် ဆာလာအိတ်အတွင်းရှိ ကောက်ညှင်း ကျည်တောက် ၁၀ ချောင်းအတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၆၀ ပြားသိမ်းဆည်းရမိသဖြင့် ရွှေဘုန်းကျော်ခင်(၄၅)နှစ်၊ မျိုးဝင်း(၄၉)နှစ်၊ စိုးသီဟငြိမ်း(ခ)သီဟ(၂၉)နှစ် နှင့် မစန်းအေး(ခ)မအေး (၄၄)နှစ် တို့ (၄)ဦးအပေါ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment