Thursday, November 24, 2016

ထရမ့်၏ အစိုးရအတွက် ပထမဆုံး အမျိုးသမီးနှစ်ဦးအား ကက်ဘိနက် အဖွဲ့ဝင်အဖြစ် ခန့်အပ်

 အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ အစိုးရအတွက် ပထမဆုံးအဖြစ် အမျိုးသမီးနှစ်ဦးကို ရာထူးတာဝန်များ ခန့်အပ်သည်။ေ တာင်ကယ်လိုလိုင်းနား အုပ်ချုပ်ရေးမှူး နစ်ကီဟာလေးအား ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန်အဖြစ်လည်းကောင်း၊ ဘတ်စေးဒီဗို့စ်အား ပညာရေးဝန်ကြီးအဖြစ်လည်းကောင်း   ရွေးချယ်ခန့်အပ်ခြင်း ဖြစ်သည်။ အဆိုပါအမျိုးသမီးနှစ်ဦးစလုံးက ဒေါ်နယ်ထရမ့်အား ယခင်ဝေဖန်ထားသူများလည်းဖြစ်သည်။ ဟာလေးက ထရမ့်အား နှစ်သက်သူမဟုတ်ကြောင်း ပြောပြီး ဒီဗို့စ်က စီးပွားရေးလုပ်ငန်းရှင်ကြီး ထရမ့်ကို ကျုးကျော်သူတစ်ဦးအဖြစ် ပြောဆိုခဲ့ဖူးခြင်းဖြစ်သည်။ေ ဒ်ါနယ်ထရမ့်၏ ကနဦးသမ္မတရွေးကောက်ပွဲပြိုင်ဖက်ဖြစ်သူ ဘန်ကာဆန်က ၎င်းအနေဖြင့် ရာထူးနေရာတစ်နေရာ ပေးအပ်ခံရမည်ဟု သတင်းများ အရိပ်အမြွက်ပြောထားသည်။ “ကျွန်တော် တာဝန်ထမ်းရမယ့် ရာထူးနေရာကို မကြာမီမှာ ကြေညာဖို့ ရှိပါတယ်။”ဟု ကာဆန်က ဖေ့ဘုတ်တွင် ရေးသားသည်။ ကာဆန်အား အိမ်ရာမြေနှင့် မြို့ပြဖွံ့ဖြိုးမှုဝန်ကြီးဌာနတွင် တာဝန်ပေးရန် စဉ်းစားလျက်ရှိကြောင်း နိုဝင်ဘာ ၂၂ ရက်၌ ဒေါ်နယ်ထရမ့်က တွစ်တာတွင် ရေးသားခဲ့သည်။

No comments:

Post a Comment