Tuesday, November 22, 2016

ပြည်တော်ပြန်မျက်နှာပန်းလှခဲ့တဲ့ အေးချမ်းမေရဲ့ တစ်ကိုယ်တော်ပွဲ

မြန်မာနိုင်ငံနှင့် နှစ် ၂၀ကျော်ဝေးကွာနေသည့် အဆို တော်အေးချမ်းမေ၏ တစ်ကိုယ် တော်ဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၉ ရက်ညက ပြုလုပ်ရာ ပရိသတ် များ ပွဲကျင်းပရာနေရာအပြည့် လာရောက်အားပေးခဲ့သည်ကို တွေ့ရပြီး စုံတွဲသီဆိုဖျော်ဖြေမှု အချို့မှ လွဲ၍ ပရိသတ်များ စိတ် တိုင်းကျသည့် ဖျော်ဖြေပွဲတစ်ခု ဖြစ်ခဲ့သည်။ အဆိုတော်အေးချမ်းမေက အဖွင့်ဖျော်ဖြေမှုအစီအစဉ်အဖြစ် မြန်မာအကအဖွဲ့များနှင့် ‘လှမ်း လာခဲ့ပါ ပြည်မြန်မာ’သီချင်းကို စတင်ဖျော်ဖြေပေးပြီး ၎င်း၏ နာ မည်ကြီးသီချင်းများကို ဆက်တိုက်သီဆိုပေးခဲ့သည်။ေ ဖျာ်ဖြေပွဲကို အပိုင်းသုံးပိုင်း ခွဲ၍ စုစုပေါင်း သီချင်း ၂၅ ပုဒ်ဖျော်ဖြေပေးပြီး R ဇာနည်၊ ဟဲလေး၊ အားတီ၊ ဖြူဖြူကျော်သိန်း၊ Lဆိုင်းဇီ၊ စန္ဒီမြင့်လွင်၊ အခရာတို့နှင့် စုံတွဲသီချင်းတစ်ပုဒ်စီကိုလည်း ဖျော်ဖြေပေးခဲ့သည်။ ဖျော်ဖြေပွဲအ တွင်း အ၀တ်အစား လဲသည့်အချိန်များတွင် ၎င်း၏ ဘ၀နှင့် ပတ်သက်သည့်အကြောင်းအရာများအပါအ၀င် ဖျော်ဖြေပွဲပြုလုပ်ဖြစ်သည့်အကြောင်းအရာများကို ပရိုဂျက် တာဖြင့် ပြသပေးခဲ့သည်။



အေးချမ်းမေအဖြစ် ရပ်တည်နိုင်ခဲ့သော ‘တစ်စစီကျိုးပဲ့နေ တယ်’သီချင်းကို ပွဲချိန်တစ် လျှောက်လုံးပရိသတ်များက သီ ဆိုပေးရန် တောင်းဆိုခဲ့ပြီး ယင်းသီချင်းကို အေးချမ်းမေက နှုတ် ဆက်သီချင်းအဖြစ် ဖျော်ဖြေပေး ခဲ့သည်။

ဖျော်ဖြေပွဲတွင် အေးချမ်း မေက အနှစ် ၂၀ ကျော်ဝေးကွာ ပြီးချိန်မှ တစ်ကိုယ်တော်ဖျော် ဖြေပွဲပြုလုပ်ခဲ့ခြင်းဖြစ်သော် လည်း ထင်မှတ်ထားသည်ထက် ပရိသတ်များ ပိုမိုများပြားစွာ အား ပေးခဲ့သောကြောင့် ကျေးဇူးတင် သကဲ့သို့ ၎င်းဘက်က လိုအပ်ချက် များရှိလျှင်လည်း နားလည်ပေး စေလိုကြောင်း အကြိမ်ကြိမ်ပြော ကြားခဲ့သည်။

ဖျော်ဖြေပွဲတွင် စုံတွဲအဆို ရှင်များကို ကြိုတင်ကြေညာထား ခြင်းမရှိသောကြောင့် အချို့စုံတွဲ သီဆိုဖျော်ဖြေမှုများမှာပရိသတ်များ အံ့အားသင့်ခဲ့သည်။ အဆိုတော် ဖြူဖြူကျော်သိန်းနှင့် ‘ဇာတ်ဆရာ အလိုကျ’သီချင်းကို သီဆိုခဲ့ပြီး ပရိသတ်အားပေးမှုရရှိခဲ့သည်။ အဆိုတော်Rဇာနည်နှင့် သီဆိုသည့် သီချင်းတွင် R ဇာနည်ဘက်က အမှားအယွင်းရှိခဲ့သော ကြောင့် အေးချမ်းမေက ကြိုတင် တိုက်ရခြင်းမရှိသောကြောင့် မှားယွင်းခဲ့သည့်အပေါ် တောင်းပန် ခဲ့သလို Rဇာနည်ကလည်း ပရိသတ်များအား တောင်းပန်ခဲ့သည်။

‘တံခါးလေးဖွင့်ရုံပဲလား’သီ ချင်းကို Hang Over နှင့် Crystal အဖွဲ့တို့နှင့် သီဆိုဖျော်ဖြေသည့် အစီအစဉ်ကို ပရိသတ်များ နှစ် ခြိုက်ခဲ့ကြသကဲ့သို့ အေးချမ်းမေ က သီချင်းဧည့်သည်သီချင်းကို ပရိ သတ်များအား သီဆိုစေ၍ စင် အောက်သို့ ဆင်းကာ နှုတ်ဆက်ခဲ့ သည်။ သို့သော်လည်း နှုတ်ဆက် သည့် ပရိသတ်အလွန်များပြားနေ သောကြောင့် ဖျော်ဖြေပွဲဝင်းအ တွင်း ပွဲကြည့်သည့် နောက်ဆုံး တန်း ပရိသတ်များအထိ မရောက်နိုင်ခဲ့ပေ။

ဖျော်ဖြေပွဲကို အေးချမ်းမေ နှင့် သက်တူရွယ်တူပရိသတ်များ အများဆုံးလာရောက်ကြည့်ရှုခဲ့ ကြပြီး ဖျော်ဖြေတင်ဆက်မှု အစီ အစဉ်များနှင့်ပတ်သက်၍ ကျေ နပ်ကြောင်း လာရောက်ကြည့်ရှု သူများက ပြောသည်။

ထို့အပြင်အေးချမ်းမေ၏ ၀တ်စားဆင်ယင်မှုပိုင်းနှင့်ပတ် သက်၍ ပြည်ပသို့ သွားရောက် နေထိုင်သူဖြစ်သော်လည်း လုံ လုံခြုံခြုံ   ၀တ်ဆင်သောကြောင့် ချီးကျူးခဲ့ကြပြီး ၎င်း၏ ပြည်တော်ပြန်ခရီးစဉ်တွင် နှစ်ပေါင်းများစွာ ဝေးကွာနေသော ၎င်း၏ ပရိသတ်များအတွက် ကျေနပ်နှစ်သိမ့်စေခဲ့သည့်ပွဲတစ်ပွဲ လည်းဖြစ်ခဲ့သည်။ ဇွဲဉာဏ်

No comments:

Post a Comment