Tuesday, November 29, 2016

အကြမ်းဖက်တိုက်ခိုင်မှုများတွင် ပါဝင်ပတ်သက်နိုင်သည့် မသင်္ကာသူ ၁၁ ဦး ဖမ်းမိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အောက်တိုဘာ ၉ ရက်က အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့် နောက်ဆက်တွဲ အကြမ်းဖက်တိုက်ခိုက် မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်နိုင်သည့် မသင်္ကာသူ ၁၁ ဦးအား နိုဝင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် မောင်တောမြို့နယ်ရှိ ကျေးရွာများမှ ဖမ်းဆီး ရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်နိုင်သည့် မသင်္ကာ သူများဖြစ်ကြသော မျောချောင်းကျေးရွာမှတစ်ဦးအား နိုဝင်ဘာ ၂၆ ရက် မွန်းတည့် ၁၂ နာရီတွင်လည်းကောင်း၊
ဝါးပိတ်ကျေးရွာမှ နှစ်ဦး၊ မျောတောင် ကျေးရွာ၊ ရွက်ညိုတောင်ကျေးရွာ၊ ဗောဓိပြင်ကျေးရွာ၊ ဇင်ပိုင်ညာကျေးရွာနှင့် သူဦးလာကျေးရွာများမှ တစ်ဦးစီဖြင့် ပေါင်း ငါးဦးအား နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက လည်းကောင်း၊ ရွှေဇားအလယ်ကျေးရွာမှ တစ်ဦးအား နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းကလည်းကောင်း၊ မဲတီကျေးရွာမှ နှစ်ဦးအား နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက လည်းကောင်း စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူနိုင်ရန် သက်ဆိုင်ရာနယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment