Tuesday, November 22, 2016

ချင်းပြည်နယ်အတွင်း အဆင့်တိုး ရရှိထားသော အထက်တန်း ကျောင်းများ အတွက် နေ့စားလပေး အထက်တန်းပြ ၁၄ဝ ခန့်အပ်မည်

ချင်းပြည်နယ်အတွင်း အဆင့်တိုးရရှိထားသော အထက်တန်းကျောင်း များအတွက် နေ့စားလပေးအထက်တန်းပြ ၁၄ဝ ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်အတွက် ယခု ပညာသင်နှစ်အတွက် အဆင့်တိုးရ ရှိထားသော အထက်တန်းကျောင်း ခွဲ ခြောက်ကျောင်းနှင့် အထက် တန်း ကျောင်းများတွင် နေ့စားလပေး အထက်တန်းပြများကိုခန့်အပ်ရန် အတွက် အခြေခံပညာဦးစီးဌာနသို့ တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက နေ့စား လပေးအထက်ပြလျှောက်ထားနိုင်ကြောင်းကို ကြေညာသွားမည် ဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း လိုအပ်နေသောအထက်တန်းပြ အရေအတွက် မှာ နေရာ ၁၄ဝ ဖြစ် ကြောင်း ချင်းပြည်နယ်ပညာရေးမှူးရုံးမှ သိရ သည်။

''ဒီနှစ်အတွက် နေ့စားလပေး တော့ ထပ်မခေါ်တော့ဘူး။ နေ့စားအထက် တန်းပြပဲရှိတော့မယ်။ နေ့စားအထက်တန်းပြကိုခန့်ဖို့ ရုံးချုပ်ကိုစာတင်ထားတယ်။ ခန့်ဖို့ခွင့်ပြုချက်ကျမှပဲခေါ်ယူမှာပါ။ အထက်တန်းပြ လိုအပ်ချက် က ပင်စင်ယူတာ၊ ပြောင်း ရွှေ့တာရှိရင်တော့ အရေအတွက်ထပ်တိုးပြီးခေါ်ရမယ်''ဟု ချင်းပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂ဝ ရက်က ပြောသည်။ ချင်းပြည်နယ်အတွက် လိုအပ် နေသော အထက်တန်းပြအရေအတွက်ကို တစ်ကျောင်းလျှင် ခုနစ်ဦးနှုန်းဖြင့် တွက်ချက်ခန့်အပ်ရန် တင် ပြထားခြင်းဖြစ်ပြီး လက်ရှိတာဝန်ထမ်းဆောင်နေသူများထဲမှ အငြိမ်းစားယူကာနီးဖြစ်သည့် ဆရာ၊ ဆရာမများကို လည်း လျှောက်ထားခွင့်ပေး အပ်မည်ဖြစ်ကြောင်း သိရသည်။
''တချို့ကျောင်းတွေမှာက ပင်စင်ယူကာနီးဆရာတွေရှိတယ်။ သူတို့ကပင်စင်ယူပြီးလို့ ဆက်ပြီးတာဝန် ထမ်းဆောင်ချင်တယ် ဆိုရင် နေ့စားအဖြစ်နဲ့ ဆက်ပြီးတာဝန်ထမ်းဆောင်ခွင့်ပေးမှာပါ။ ဒါဆို ကလေးတွေ အတွက် လည်း ပိုအဆင်ပြေတယ်။ပြင်ပကလူတွေ ကတော့လာပြီးတော့ လျှောက်မှာပဲ။ လိုအပ်ချက်အရေအတွက် ပြည့် မီအောင်ဖြည့်ဖို့လည်းရှိတယ်။ မပြည့်ဘူးဆိုရင် အသက် လျှော့ခေါ်တာ၊ လုပ်သက်လျှော့ခေါ်တာ၊ ပညာ အရည်အချင်းလျှော့ခေါ် တာမျိုးတွေလုပ်ရမှာပါ။ ဒါမှမရသေးရင် အခြားတိုင်းနဲ့ ပြည်နယ်တွေ က လျှောက် ထားခွင့်ကိုလည်းပေးရမှာ ပါ''ဟု ၎င်းကဆက်လက်ပြောသည်။ ချင်းပြည်နယ်တွင် အခြေခံ ပညာကျောင်းပေါင်း ၁၃ဝဝ ကျော်ရှိ ပြီး ကျောင်းသားကျောင်းသူတစ်သိန်း ကျော်ရှိကြောင်းသိရသည်။
ATK

No comments:

Post a Comment