Monday, November 28, 2016

ဘရာဇီးအမှတ်ပေးဖလားကို ပါးမီးရက်စ်အသင်း စံချိန်တင် ကိုးကြိမ်မြောက် ရရှိ

ပါးမီးရက်စ်အသင်းသည် Chapecoense အသင်းကို အနိုင်ရခဲ့ပြီးနောက်တွင် ဘရာဇီးပြည်တွင်းအမှတ်ပေးချန်ပီယံဆုကို စံချိန်တင် ကိုးကြိမ်မြောက် ဆွတ်ခူး ရရှိသွားပြီ ဖြစ်သည်။ တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ထိုပွဲစဉ်တွင် ပါးမီးရက်စ်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို နောက်ခံလူ ဖေဘီယာနိုက ပွဲချိန် ၂၆ မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဆာအိုပေါ်လို အခြေစိုက် ကလပ် ပါးမီးရက်စ်အသင်းသည် ပြီးခဲ့သည့် ၂၂ နှစ်အတွင်း ဘရာဇီးအမှတ်ပေးဖလားကို ပထမဆုံးအကြိမ် ပြန်လည်ရရှိခြင်းဖြစ်ပြီး ထိုဖလားကို ၉ ကြိမ်မြောက်ရရှိသည့် ပထမဆုံးအသင်း အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။



ပါးမီးရက်စ်အသင်းသည် ပြိုင်ပွဲပြီးဆုံးရန် တစ်ပွဲလိုသေးသော်လည်း ဒုတိယနေရာမှ ဖလာမင်ဂိုအသင်းကို ၇ မှတ်ဖြတ်ထားနိုင်သည့်အတွက် ချန်ပီယံဆုကြီးကို ရရှိသွားခြင်း ဖြစ်သည်။

လက်ရှိချန်ပီယံမှာ ကိုရင်သီရန်အသင်းဖြစ်ပြီး ပါးမီးရက်စ်အသင်းမှာ ထိုဖလားကို ၁၉၉၄ ခုနှစ်က နောက်ဆုံးရရှိထားသည်။ ပါးမီးရက်စ်အသင်းသည် ချန်ပီယံဆု ၉ ကြိမ်၊ ဒုတိယ ၃ ကြိမ် ရရှိခဲ့ပြီး သမိုင်းတစ်လျှောက်အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ၎င်းတို့၏နောက်တွင် ဆန်းတို့စ်က ချန်ပီယံ ၈ ကြိမ်၊ ဆာအိုပေါ်လိုနှင့်ကိုရင်သီယန်တို့က ၆ ကြိမ်စီဖြင့် အအောင်မြင်ဆုံး အသင်းများဖြစ်ကြသည်။

မန်စီးတီးအသင်းက ၀ယ်ယူထားပြီးဖြစ်သည့် ဘရာဇီးလူငယ်တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျီးဆပ်မှာ ပါးမီးရက်စ်အသင်းအတွက် လိဂ်သွင်းဂိုး ၁၂ ဂိုးအထိသွင်းပေးနိုင်ခဲ့ပြီး ချန်ပီယံဆုရရှိအောင် ကူညီပေးနိုင်ခဲ့သည်။ ဂိုးသွင်းအများဆုံးဆုကို မင်နဲရိုးတိုက်စစ်မှူး ဖရက်ဒ်က ၁၄ ဂိုးဖြင့် ရရှိခဲ့သည်။ အောင်ငြိမ်းသွေး
ရည်ညွှန်း ဒေးလီးမေးလ်

No comments:

Post a Comment