Wednesday, November 23, 2016

နယ်သာလန်ဂေး အခွင့်အရေးအဖွဲ့၏ နှစ် ၇၀ ပြည့်ပွဲကို ပထမဆုံးအကြိမ် အဖြစ် ဒတ်ခ်ျဘုရင်တက်ရောက်

နယ်သာလန်နိုင်ငံတွင် လိင်တူ အခွင့်အရေးတောင်းဆိုသော အဓိက ဂေးအခွင့်အရေးအဖွဲ့၏ နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပွဲသို့ နိုဝင်ဘာ ၂၂ ရက်တွင် ဒတ်ခ်ျဘုရင် Willem Alexander ကိုယ်တိုင်တက်ရောက် ဂုဏ်ပြုခဲ့သည်။ ယင်းမှာ ဒတ်ခ်ျနိုင်ငံ ခေါင်းဆောင်ပိုင်းက ပထမဆုံးအ ကြိမ်အဖြစ် ဂေးလူ့အဖွဲ့အစည်းသို့ လာရောက်လည်ပတ်ခြင်းဖြစ်သည်။ နယ်သာလန် LGBT အဖွဲ့အစည်း COC အဖွဲ့၏ ကိုယ်စားလှယ်များနှင့် ဘုရင် Willem Alexander တို့ Amsterdam မြို့တွင်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဒတ်ခ်ျဘုရင်ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခြင်းသည် နယ်သာလန်ရှိ LGBT လူ့အဖွဲ့နှင့် တစ်ကမ္ဘာလုံးရှိ LGBT လူ့အဖွဲ့ အစည်းအားလုံး အတွက် ဂုဏ်ယူဖွယ် ကောင်းကြောင်း ဃဥဃ အဖွဲ့ဥက္ကဋ္ဌ Tanja Ineke က ပြောသည်။

နယ်သာလန်နိုင်ငံတွင် ၁၉၄၆ ခုနှစ်မှစ၍ ဂေးအခွင့်အရေးအတွက် တောင်းဆိုခဲ့သော COC အဖွဲ့သည် နှစ်ပေါင်း ၇၀ အထိရပ်တည်နိုင်ခဲ့ ကြောင်း၊ ယနေ့အချိန်အထိ လိင်တူ အခွင့်အရေးနှင့် တန်းတူညီမျှရေး အတွက် တိုက်ပွဲများဆက်လက်ဝင် ရောက်နေရမည်ဖြစ်ကြောင်း Tanja Ineke က ပြောသည်။ LGBT များကို ခွဲခြားနှိမ့်ချခြင်းကို တားဆီး သည့်ဥပဒေများ အခြေခံဥပဒေထဲ တွင် ထည့်သွင်းရေးဆွဲပေးရန် COC က ဆက်လက်တောင်းဆိုခဲ့သည်။
နယ်သာလန်နိုင်ငံသည် ကမ္ဘာ ပေါ်တွင် လိင်တူလက်ထပ်ခွင့် ပထမ ဆုံးခွင့်ပြုခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ် ပြီး နှစ်စဉ် Amsterdam ၌ ဂေးနှင့် လိင်တူချစ်သူများအတွက် ပွဲလမ်း သဘင်များ ပြုလုပ်လေ့ရှိသည်။
Ref:AFP

No comments:

Post a Comment