Tuesday, November 29, 2016

သစ်ထုတ်မှု တစ်နှစ်ရပ်ပြီးနောက် တရားမ၀င်သစ်ခိုးထုတ်မှုမြင့်

သစ်တောအတန်းအစားနှင့် အရည် အသွေး ကျဆင်းလာခြင်းကြောင့် မြန်မာ့ သစ်တောများမှ သစ်ထုတ်လုပ်ခြင်းကို တစ်နှစ်ရပ်ဆိုင်းထားပြီးနောက်တွင် တရားမ၀င် သစ်ခိုးထုတ်မှုများ မြင့်တက် လာကြောင်း သယံဇာတနှင့် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ပြောကြားသည်။ြ မန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးတွင် သစ်တော များ ပြန်လည်တည်ထောင်ရေးနှင့် ပြုစု ပျိုးထောင်ရေးတို့အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျွန်းနှင့် သစ်မာထုတ် လုပ်မှု တစ်နှစ်ရပ်ဆိုင်းထားကြောင်း၊ ယင်းသို့ သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထား သော်လည်း ဒေသအချို့တွင် တရားမ၀င် သစ်ခိုးထုတ်မှုများနေကြောင်း ၎င်းက ပြောဆိုသည်။

"အခွင့်ကောင်းယူပြီး နယ်မြေ အချို့မှာ သစ်ခိုးမှုတွေများလာလို့ တော်တော် ဖမ်းဆီးအရေးယူနေရတယ်" ဟု ဒေါက်တာညီညီကျော်က ဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တရားမ၀င်သစ်တန်ချိန် နှစ်သောင်းနီးပါး ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှု အများဆုံးဒေသမှာ ကချင်ပြည်နယ် ဖြစ် ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
တရားမ၀င်သစ်ဖမ်းဆီးရမိမှု အများ ဆုံးဒေသမှာ ကချင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ဖြစ်ပြီး ကချင်ပြည်နယ်တွင် ကျွန်းနှင့် သစ်မာ တန်ချိန် ၁၉၃၉ ဒသမ ၈၆၁၃ တန်၊ ကယားပြည်နယ်တွင် ၂၁၉၈ ဒသမ ၀၂၄၂ တန်ချိန်နှင့် ပဲခူးတိုင်းဒေသကြီးတွင် ၂၂၆၂ ဒသမ ၆၈၀၇ တန်ချိန် ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန စာရင်းများအရ သိရသည်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ် အစရှိသည့်ဒေသများမှ တရား မ၀င် သစ်ထုတ်မှုအများဆုံးရှိနေပြီး တရုတ် နိုင်ငံသို့ အများဆုံး တင်ပို့နေခြင်းဖြစ် ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။
မြန်မာနိုင်ငံတစ်ဝန်း ကျွန်းနှင့် သစ်မာထုတ်လုပ်မှုကို တစ်နှစ်ရပ်ဆိုင်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သစ်တောများ ပြန်လည်တည်ထောင်ခြင်း ကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ် အထိ ၁၀ နှစ်စီမံကိန်း ရေးဆွဲဆောင်ရွက် မည်ဖြစ်ကာ သစ်ထုတ်လုပ်မှုကို နှစ်စဉ်ထုတ်လုပ်နိုင်သည့်ပမာဏ(Annuan Allowable Cut- AAC) ဘောင် အတွင်းမှ လျှော့ချထုတ်လုပ်မည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
လက်ရှိကောက်ယူထားသည့် စာရင်းအရ ကျွန်းသစ် ၁၉၂၀၀ ပင် ၊ သစ်မာ ၅၉၂၃၃၀ ပင်သာ ထုတ်ယူနိုင်မည်ဖြစ်ပြီး ယခုသတ်မှတ်စာရင်းထက် ပိုမိုထုတ်ယူ၍ မရကြောင်း၊ အလားတူ မြန်မာနိုင်ငံ၏ ကျေးလက်နေလူဦးရေစာရင်းအရ ထင်း၊ မီးသွေးလောင်စာလိုအပ်ချက်မှာ တန်ချိန် ၁၈ သန်းရှိကြောင်း သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော် ကျော်လွင်က ရှင်းပြပြောဆိုသည်။
မြန်မာနိုင်ငံ၏လက်ရှိသစ်တောဖုံး လွှမ်းမှုဧရိယာမှာ ၄၂ ဒသမ ၉၂ ရာခိုင် နှုန်းသာရှိပြီး ကမ္ဘာ့သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံများစာရင်းတွင် တတိယ နေရာသို့ ရောက်ရှိနေသည်။
The Voice

No comments:

Post a Comment