Tuesday, November 29, 2016

လက်ပံတောင်းတောင်တွင် သပိတ်စခန်း ဖြိုခွဲခံရခြင်း လေးနှစ်ပြည့် အထိမ်းအမှတ်ပွဲပြုလုပ်

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်သော လက်ပံတောင်းတောင်ဒေသ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ မီးလောင်ဗုံးဖြင့်အကြမ်းဖက်ဖြိုခွင်းခံရမှု လေးနှစ်ပြည့်အထိမ်းအမှတ်ကို မဟာဗန္ဓုလပန်းခြံရှေ့ ၌ ညနေ ၄ နာရီ ခန့်တွင် ပြုလုပ်ခဲ့ကြသည်။ ယင်းအထိမ်းအမှတ်ပွဲကို ဒီမိုကရေစီအင်အားစု၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်၊ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်၊ ဒီမိုကရေစီနှင့် အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်တို့မှ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်သည်။ အထိမ်းအမှတ်ပြုလုပ်ရခြင်းနှင့်ပက်သက်၍ ဒီမိုကရေစီနှင့် အမျိုးသမီးငြိမ်း ချမ်းရေးကွန်ရက် ဥက္ကဌ ဒေါ်နော်အုန်းလှက "အဓိကက လက်ပံတောင်း ကိစ္စမီးလောင်ဗုံးဖောက်ခွဲခံခဲ့ရသူတွေရဲ့ တရားခံကို ဖော်ထုတ်ပေးဖို့ရယ်၊ မြေယာလျော်ကြေးတွေပေးဖို့ရယ်၊ နောက်တစ်ခုက စုံစမ်း စစ်ဆေးရေးကော်မရှင်က ဒီလက်ပံတောင်းစီမံကိန်းကို ဆက်ရှိနေသင့်တယ် ဆိုတော့ ဖြစ်လာတဲ့အကျိုးဆက်တွေကို တာဝန်ယူပေးဖို့ ပြောချင်ပါတယ်။"ဟု ပြောသည်။


အဆိုပါ အထိမ်းအမှတ်တွင် အစိုးရ နှင့်ပြည်သူ လူထုအကြား
ပဋိပက္ခများအား အကြမ်းဖက်ဖြေရှင်းမူ ပပျောက်ရေး၊ အကြမ်းဖက်မူများနှင့်
အကြမ်းဖက်သမားများအား ဥပဒေအရတာဝန်ယူ စီရင်ရေး၊ ကြေးနီစီမံကိန်းအား စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနှင့်အညီသာ ဖော်ဆောင်ရေး၊
စုံစမ်းစစ်ဆေးရေးကော်မတီအစီရင်ခံစာနှင့်မညီညွှတ်လျှင် ကြေးနီစီမံကိန်းများ လုံးဝဖျက်သိမ်းရေး၊ အစိုးနှင့် ပြည်သူ လူထုကြားတရားဥပဒေ
တန်းတူညီမျှ စိုးမိုးရေး စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် လယ်ယာမြေများသိမ်းဆည်းမှုများ၊ လျော်ကြေးငွေမပေးခြင်းများကြောင့် သံဃာတော်များနှင့် လယ်မြေသိမ်း
ခံရသူတို့က သပိတ်စခန်းများဖွင့်၍ ဆန္ဒပြခဲ့ကြသဖြင့် ၂၀၁၂ ခုနှစ်
နိုဝင်ဘာလ ၂၉ ရက်တွင် ရဲတပ်ဖွဲ့က မီးလောင်ဗုံး အသုံးပြု၍
အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် သံဃာတော် အပါး ၁၂၀ ခန့် အရေပြားမီးလောင်
ဒဏ်သင့်ခဲ့ပြီး ၅၇ ပါး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို အစိုးရ၊ စစ်တပ်ပိုင်
မြန်မာ့ဦးပိုင်ကုမ္ပဏီ လီမိတက်နှင့် တရုတ်နိုင်ငံ အခြေစိုက်
မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ ပူးပေါင်းပြီး ၂၀၁၁ ခုနှစ်တွင်
စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
သတင်း - လင်းဟိန်း

No comments:

Post a Comment