Saturday, November 19, 2016

မော်တော်ယာဉ် နံပါတ်များ မြန်မာမှ အင်္ဂလိပ်အက္ခရာသို့ ဒီဇင်ဘာလကုန် နောက်ဆုံးထား ပြောင်းလဲရမည်၊ လဲလှယ်ထားခြင်း မရှိသေးကြောင်း စစ်ဆေးတွေ့ရှိပါက ဖမ်းဆီး လဲလှယ်စေမည် ဟုဆို

ဒီဇင်ဘာလကုန်အထိ မော်တော် ယာဉ်နံပါတ်များ မြန်မာအက္ခရာမှ အင်္ဂလိပ်အက္ခရာသို့ ပြောင်းလဲရမည်ဖြစ်ပြီး လဲလှယ်ထားခြင်း မရှိသေးသော ယာဉ်များကို စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးလဲလှယ်သွား စေမည်ဖြ စ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းဦးက ထပ်မံသတိပေးပြောကြားလိုက်သည်။ ယင်းကဲ့သို့ ကားနံပါတ်ပြားများအား မြန်မာအက္ခရာမှ အင်္ဂလိပ်အက္ခရာသို့ ဒီဇင်ဘာလနောက်ဆုံးထားကာ လဲလှယ်စေရန် ကြေညာချက်ကို စက်တင်ဘာလအတွင်းက ကြေညာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် လဲလှယ်ရန် ကျန်ရှိသောယာဉ်များမှာ တစ်နိုင်ငံလုံး အတိုင်း အတာ ဖြင့် အစီးရေ တစ်သောင်းကျော်ခန့်သာ ကျန်ရှိတော့ ကြောင်း သိရသည်။




ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းဦးက ''အရေးယူဖို့ကတော့ အခုကတော့ ကျွန်တော်တို့ ကြေညာထားပြီးပြီ။ ယာဉ်ထိန်းရဲတွေကိုလည်း စစ်ေ ဆး ပေးဖို့ စာပို့ထားတယ်။ အဖွဲ့(၁၂)ဖွဲ့လောက် ရှိပါတယ်။ အပြင်မှာစစ်ဆေးပေးနေတဲ့အဖွဲ့တွေပါ။ တွေ့ရှိခဲ့ရင် ဖမ်းဆီးမှတ်သားပြီးတော့ လဲလှယ်တဲ့ကိစ္စကို တွန်းအား ပေးပြီးတော့ ဆောင်ရွက်ပေးနေ ပါတယ်''ဟု နိုဝင်ဘာ ၁၇ ရက်က ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မီဒီယာများနှင့်တွေ့ဆုံ စဉ်ပြောကြားခဲ့သည်။  ယာဉ်နံပါတ်ပြားများအား လဲလှယ်ရန်ကျန်ရှိ သော ယာဉ်များ တွင် အစိုးရဌာနဆိုင်ရာများမှ ယာဉ်များလည်း ပါဝင်နေကြောင်း သိရသည်။ ဦးသိန်းဦးက ''အခုလဲလှယ်ဖို့ ကျန်သေးတဲ့ကား တွေကတော့ အမျိုးစုံပါပဲ။ တချို့တလေလည်း အစိုးရဌာနကားတွေပါတယ်။ လူစီးကားတွေ လည်းရှိတယ်။ ကားကြီးတွေလည်းပါပါတယ်။ အမျိုးမျိုးရှိကြပါတယ်။ အစိုးရဌာနတွေကိုလည်း လဲလှယ်ဖို့အတွက် စာနဲ့အကြောင်းကြားထားပါတယ်။ ပြည်သူတွေကိုလည်း ကြော်ငြာသင် ပုန်းတွေမှာ ကြေညာစာတွေ ကပ်ပေးထား ပါတယ်''ဟု ဆက်လက်ပြောသည်


ယခုပြောင်းလဲအသုံးပြုနေသော အင်္ဂလိပ်အက္ခရာ နံပါတ်ပြားများမှာ လျှို့ဝှက်သင်္ကေတများ အသုံးပြုထားပြီး လုံခြုံရေးအဆင့်မြင့်မားကြောင်းလည်းသိရသည်။ ဦးသိန်းဦးက ''မြန်မာနံပါတ်က အတုအပလုပ်ဖို့ လွယ် တယ်။ အင်္ဂလိပ်နံပါတ်ပြားကတော့ လုံခြုံရေး အဆင့်မြင့်ပြီး လုပ်ထားတဲ့အတွက်ကြောင့် လျှို့ဝှက်သင်္ကေတတွေကအစ လုံခြုံမှုအဆင့်ပိုပြီးမြင့်တယ်။ နိုင်ငံတကာမှာလည်း အင်္ဂလိပ်နံပါတ်တွေဖြစ်တာ ကြောင့် ကျွန်တော်တို့အနေနဲ့ စတင်ပြီးအသုံးပြုနေပြီ ဖြစ်ပါတယ်။ တချို့မှတ်ပုံတင်မယ့်ကားတွေကို လွယ်လွယ် ကူကူ မြန်မာနံပါတ်သုံးနေတာတွေလည်းရှိတယ်။ ဒါ တွေကို ပပျောက်သွားအောင် အင်္ဂလိပ်နံပါတ်ပြားကို အဆင့်မြှင့်ပြီးလုပ်တယ်။ ဒါတွေကိုလည်း လဲလှယ်ပြီး ဆောင်ရွက်ပေးနေပါတယ်''ဟု ဆက်လက်ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မြန်မာအက္ခရာမှ အင်္ဂ လိပ် အက္ခရာသို့ လဲလှယ်မည့်ယာဉ်များကို မြန်မြန် ဆန်ဆန်ဖြစ်အောင် ဆောင်ရွက်ပေးနေပြီး လာရောက် လဲလှယ်ပါက ကျပ်တစ်သောင်းခန့်သာ ကုန်ကျမည်ဖြစ် ကြောင်းလည်း သိရသည်။

No comments:

Post a Comment