Monday, November 28, 2016

လှိုင်မြစ်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် လမ်းသားတိုးချဲ့ခြင်း ဆောင်ရွက်

ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ ၏ ဦးဆောင်မှုဖြင့် အင်းစိန်မြို့နယ် လှိုင်မြစ်လမ်းတစ်လျှောက် ကွန်ကရစ် လမ်းခင်းခြင်းနှင့် လမ်းသားတိုးချဲ့ခြင်း လုပ်ငန်းများကို နိုဝင်ဘာ ၂၇ ရက် နံနက်မှစတင် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။  အဆိုပါလမ်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် လမ်းအကျယ် ၇၂ ပေ၊ အရှည် ၁၀၄၀ ပေ၊ ထု ၁၁ လက်မခင်းကျင်းမည်ဖြစ်ပြီး လှိုင်မြစ် လမ်းဝဲ၊ ယာ လမ်းနယ်နိမိတ်သတ် မှတ်ရန်အတွက် မလွတ်ကင်းသည့် သစ်ပင်များ၊ ဖုန်းကြိုးတိုင်များ၊ လျှပ်စစ်ထရန်စဖော်မာများနှင့် ဆိုင်ခန်းများကို မြို့တော်စည်ပင် သာယာဌာန၊ မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များက လှိုင်မြစ်လမ်းတစ်လျှောက် လိုက်လံ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ဆွေးနွေးညှိ နှိုင်းခဲ့ကြောင်း သိရသည်။
KTS

No comments:

Post a Comment