Sunday, November 27, 2016

မောင်တော နယ်စပ်လုံခြုံရေးကြောင့် ၀ါးကုန်သွယ်ရေး အခက်တွေ့နေ

လုံခြုံရေးအရ နယ် စပ်ဖြတ်ကျော်ရန် ခက်ခဲနေ၍ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့် ၀ါးများပျက်စီးကြောင်း ၀ါးကုန်သွယ်သူများက ပြောသည်။ ရခိုင်ဒေသထွက် ၀ါးကြီး (ခ ရင်ဝါး)နှင့် ၀ါးသေး (ကွမ်းတိုင်ဝါး)နှစ်မျိုးကို မောင်တော နယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ နှစ်စဉ်တင်ပို့နေ ပြီး မောင်တောအကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၉ ရက်မှစတင်ကာ ယနေ့အထိ ၀ါးတင်ပို့ရန် အခက်အခဲဖြစ်နေကြောင်း ရွှေမြရတနာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘လက်ရှိ  ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ဖို့အတွက် မောင်တော ချောင်းမှာ ဖောင်ဖွဲ့ထားတဲ့ ၀ါး ဖောင် ရှစ်ဖောင် ရှိနေပါတယ်။ တစ်ဖောင်မှာ ၀ါးလုံးရေ လေး သောင်း၊ ငါးသောင်း ပါဝင်ပါ တယ်။ ၀ါးတစ်ဖောင်ရဲ့ တန်ဖိုးက ကျပ်ငွေသိန်း တစ်ရာကျော်ဖိုးရှိပါ တယ်’’ဟု ၎င်းက ပြောသည်။



မောင်တောချောင်းအတွင်း ဖောင်ဖွဲ့ထားသည့် ၀ါးဖောင်များ သည် အချိန်ကြာလာသည်နှင့်အ မျှ အပူချိန်ကြောင့် ကွဲအက်လာ ခြင်း၊ ရေထဲတွင် နစ်မြုပ်နေသည့် ၀ါးများ ဆွေးမြည့်လာခြင်းများ ဖြစ်ပေါ်နေကြောင်း ၀ါးကုန်သွယ်သူများက ပြောသည်။

မောင်တောအကြမ်းဖက်မှု များကြောင့် နယ်စပ်ကုန်သွယ်သူ များအပါအ၀င် ဒေသတွင်းစီးပွား ရေး လုပ်ငန်းများနှင့် လက်လုပ် လက်စားများ အသက်မွေးဝမ်း ကျောင်းအတွက် အဆင်မပြေဖြစ် နေသည်ဟု ဆိုသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် စက် တင်ဘာလအထိ မောင်တောနယ် စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ ၀ါးကြီးတန်ချိန် ၄၀၀ ကျော်နှင့် ၀ါးသေး ၁၀ တန်ကျော် တင်ပို့ထားကြောင်း မောင် တောနယ်စပ်ကုန်သွယ်ရေးစခန်း ၏ စာရင်းများအရ သိရသည်။

 ပြီးခဲ့သည့် ဘဏ္ဍာနှစ်က မောင်တောနယ်စပ်ကုန်သွယ်ရေး မှ ဘင်္ဂလားဒေ့ရှ်သို့ ၀ါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ တစ်သိန်း ကျော်ရရှိခဲ့ကြောင်း မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းတာ ၀န်ခံ ဦးခင်ကျော်မြင့်က ပြော ကြားသည်။ မောင်ကံ

No comments:

Post a Comment