Monday, November 28, 2016

မူဆယ်အဝင် သစ်သီးကားများ တရုတ်နိုင်ငံ ဝမ်တိန်မြို့သို့ တိုက်ရိုက်သွားရောက်ရောင်းချ

နယ်မြေလုံခြုံမှုမရှိခြင်း ကြောင့် ယခုရက်ပိုင်းတွင် မူဆယ် မြို့သို့ ဝင်ရောက်လာသော သစ် သီးကားများသည် တရုတ်နိုင်ငံ ဝမ်တိန်မြို့သို့ တိုက်ရိုက်သွား ရောက်ရောင်းချနေရကြောင်း သ တင်းရရှိသည်။ ယခင်က မူဆယ် ၁၀၅ မိုင် တွင် သစ်သီးများကို အဓိကဈေးကွက် ဖွင့်ရောင်းချခဲ့သော်လည်း ယခု ရက်ပိုင်း၌ မူဆယ်မြို့၏လုံ ခြုံရေးအခြေအနေကြောင့် ယူနန်ပြည်နယ်အစိုးရက တရုတ်ကုန်သည်များကို မြန်မာနိုင်ငံသို့ သွားရောက်ခွင့်မပြုသဖြင့် မြန်မာကုန် သည်များ ဝမ်တိန်မြို့သို့ သွား ရောက် ရောင်းချရကြောင်း မူ ဆယ်မြို့မှ သစ်သီးကုန်သည်အ ချို့က ပြောကြားသည်။ လက်ရှိ ဝမ်တိန်မြို့တွင် ဖရဲ သီးတစ်တန်လျှင် ယွမ်ငွေ ၃,၀၀၀ (၅၈၀,၀၀၀ ကျပ်ကျော်)အထိ ဈေး ရရှိကြောင်း သိရသည်။ တရုတ် နိုင်ငံမှ ကုန်သည်များက သစ်သီး လိုအပ်ချက်ကြောင့် ယခင်က တစ်တန်လျှင် ယွမ် ၁,၀၀၀ ဝန်းကျင်သာရှိရာမှ ယခုအခါ ယွမ် ၃,၀၀၀ အထိ တိုးမြှင့်ပေးခြင်းဟု မူဆယ်မြို့မှ သစ်သီးကုန်သည်အချို့က ပြောသည်။



မူဆယ်၊ မန္တလေး ကုန်သွယ် ရေးလမ်းကြောင်းတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နယ်မြေမတည်ငြိမ် သေးသော်လည်း မော်တော်ယာဉ် မောင်းများက စွန့်စားသွားလာနေ သဖြင့် ယခုရက်ပိုင်းတွင် မူဆယ် မြို့သို့ သစ်သီးကားအစီးရေ ၁၀၀ ခန့်  ဝင်ရောက်ကြောင်း  သိရ သည်။

 ဝင်ရောက်လာသည့် သစ် သီးကားများသည် ဝမ်တိန်မြို့တွင် အချိန်ပိုင်းအတွင်း ရောင်းကုန်နေ ကြောင်း ကုန်သည်အချို့က ဆို သည်။

ကုန်စည်ပို့ဆောင်ရေးလမ်း ကြောင်းတွင် လုံခြုံမှု မရှိခြင်း ကြောင့် မန္တလေးမှ မူဆယ်သို့ ကုန်စည်ပို့ဆောင်ခကို သစ်သီး ကားတစ်စီးလျှင် ကျပ်ခုနစ်သိန်းခွဲ ခန့်မှ ကျပ်ဆယ့်ငါးသိန်းအထိသို့ မြင့်တက်ခဲ့သည်။

မူဆယ်မြို့နှင့် ကုန်စည်ပို့ ဆောင်ရေး လမ်းကြောင်း တစ် လျှောက် လုံခြုံရေးအခြေအနေကြောင့် တရုတ်နိုင်ငံသို့ ရေထွက်ကုန်တင်ပို့မှုကိုလည်း နိုဝင်ဘာ ၂၀ ရက်တွင် စတင်ရပ်နားခဲ့ရပြီး ကျပ်သိန်းထောင်ချီ ဆုံးရှုံးမှုများ ရှိကြောင်း ရေထွက်ကုန်လုပ်ငန်းရှင်အချို့က ပြောသည်။

မူဆယ်မြို့နှင့် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်တွင် တိုက်ပွဲများ ကြောင့် နယ်စပ်ကုန်သွယ်ရေးရပ် တန့်ထားရသဖြင့် မြန်မာနိုင်ငံမှ ပို့ကုန်တန်ဖိုး တစ်ရက်လျှင် အမေ ရိကန်ဒေါ်လာ ၈ ဒသမ ၈ သန်း ကျော် နစ်နာကြောင်း စီးပွားကူး သန်းဝန်ကြီးဌာန တာဝန်ရှိသူတစ် ဦးက ပြောသည်။ ပြည်သိမ်း

No comments:

Post a Comment