Friday, November 25, 2016

ရှမ်းမြောက်တိုက်ပွဲ ငါးရက်မြောက်နေ့အထိ အရပ်သား ရှစ်ဦးထက်မနည်း သေဆုံး

လားရှိုးပြည်ထောင်စု လမ်းမကြီးတွင် နိုဝင်ဘာ ၂၄ ရက်က ပစ်ခတ်မှုများဆက်လက်ဖြစ် ပွားရာ အရပ်သားတစ်ဦးထပ်မံ သေဆုံးခဲ့ပြီး ရှမ်းမြောက်ဒေသ တိုက်ပွဲများငါးရက်မြောက်နေ့အ ထိ အရပ်သားရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိ သည်။ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၀ ရက်တွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း အပါအဝင် အစိုးရ လုံခြုံရေးတပ်ဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားမှု ပထမနေ့တွင် အရပ်သား လေးဦးသေဆုံးပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။



နိုဝင်ဘာ ၂၂ ရက်တွင်လည်း မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းမကြီးတွင် ကုန်တင်ယာဉ် မောင်းတစ်ဦး သေနတ်ဖြင့်ပစ် ခတ်ခံရကာ သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။ ရှမ်းပြည်နယ် နမ့်ခမ်းမြို့အနီးတွင် နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ကောင်းကပ်ရွာ ရပ် ကွက်(၁)ရှိ ဒေသခံနှစ်ဦးသေဆုံး ခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၂၄ ရက် နံနက်တွင် လားရှိုးမှ မူဆယ်သို့မောင်းနှင်လာ သည့် ကုန်တင်ယာဉ်တစ်စီးကို KIA/TNLA လက်နက်ကိုင်အဖွဲ့ က ပစ်ခတ်မှုကြောင့် အပြစ်မဲ့အ ရပ်သား ယာဉ်နောက်လိုက်တစ်ဦး သေဆုံးခဲ့သည်ဟု နိုင်ငံတော်အ တိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ခဲ့ သည်။

‘‘တိုက်ပွဲကတော့ ဒီနေ့လည်း ဆက်ဖြစ်တယ်။ ၁၀၅ မိုင်ဘက် ရော၊ ဒီပြည်ထောင်စုလမ်းမပေါ် ရော၊ မုံးကိုးဘက်ရော၊ ဟိုဘက် မန်ဝိန်းကြီးဘက်ရော လေးငါးနေ ရာလောက်ဖြစ်တယ်’’ဟု TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာ့အိုက်ကျော်က နိုဝင် ဘာ ၂၄ ရက်ညပိုင်းတွင် ပြောကြားခဲ့ပြီး အရပ်သားများအား ပစ်ခတ် ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။

လက်ရှိတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းဝန်းကျင်တွင် တပ်မတော်၊ ရဲတပ်ဖွဲ့တို့က လုံခြုံ ရေးတင်းကျပ်ထားပြီး ပြည် ထောင်စုလမ်းမတစ်လျှောက်၌ လည်း တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းမှုများ ဆောင် ရွက်လျက်ရှိသည်။

၁၀၅ မိုင်စခန်းကို လက် နက်ကိုင်အဖွဲ့တစ်ဖွဲ့က အဝေးမှ လာရောက်ပစ်ခတ်ခဲ့မှုဖြစ်စဉ်အ ပေါ် အခြေခံ၍ ကောလာဟလ နှင့် အခြေအမြစ်မရှိသည့် သတင်းများကို မသမာသူများက ထုတ် လွှင့်လာနိုင်သဖြင့် ပြည်သူများအ နေဖြင့် ပုံမှန်အတိုင်း ရောင်းဝယ် နေထိုင်သွားလာမှုများ ဆောင်ရွက်ကြရန်နှင့် မြို့လုံခြုံရေးကို တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များက တာဝန်ယူထား ကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေး မှူးရုံးက နိုဝင်ဘာ ၂၄ ရက်က အသိပေးကြေညာခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသပစ်ခတ်မှုများကြောင့် လား ရှိုးမြို့ပတ်ဝန်းကျင်တွင် လုံခြုံရေးတိုးမြှင့်ထားစဉ် နိုဝင်ဘာ ၂၄ ရက်ညက ပထမဆုံးအကြိမ် ပေါက်ကွဲသံများကြားရကြောင်း လားရှိုးမြို့ဒေသခံများထံမှ သတင်းရရှိသည်။

No comments:

Post a Comment