Tuesday, November 29, 2016

ပညာရေးဘွဲ့စာပေးစာယူသင်တန်းကို ပညာရေးဘွဲ့(ဘီအီးဒီ) မရရှိသေးသူများ လျှောက်ထားနိုင်ပြီ

 ပညာရေး ဘွဲ့စာပေးစာယူ နှစ်နှစ်သင်တန်း (ပထမနှစ်)သို့ ပြင်ပမှဘွဲ့တစ်ခုခုရရှိ ထားပြီးပညာရေးဘွဲ့ (ဘီအီးဒီ)ဘွဲ့မရရှိသေးသူများ လျှောက်ထားနိုင် ကြောင်း သိရသည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ရန်ကုန်ပညာရေးတက္ကသိုလ်တွင်ဖွင့် လှစ်မည့်ပညာရေးဘွဲ့စာပေးစာယူ နှစ်နှစ် သင်တန်း (ပထမနှစ်) သို့ အခြေ ခံပညာဦးစီးဌာနများ၊ ပညာရေးသုတေ သနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီး ဌာနအောက်ရှိ အခြေခံ ပညာကျောင်း များတွင် တာဝန်ထမ်းဆောင်နေသော အလယ်တန်းပြများ(သို့မဟုတ်)အ လယ်တန်းပြရာထူးနှင့် လစာနှုန်း တူ သော ဆရာ၊ ဆရာမများနှင့်အခြား ပညာရေးဝန်ထမ်းများ၊ ပညာရေး ကောလိပ်များတွင် နည်းပြအဖြစ် တာ ဝန်ထမ်းဆောင်နေသော သူများ သင် ကြားရေးလုပ်သက်၊ လက်ရှိရာထူး လုပ်သက်သည် ၃၁ ရက်ဒီဇင်ဘာ လတွင် ငါးနှစ်ပြည့်သူများ၊ ဘွဲ့တစ်ခု ခုရရှိပြီးပညာရေးဘွဲ့ (ဘီအီးဒီဘွဲ့) မရရှိသေးသူများ လျှောက် ထားနိုင် ကြောင်းအဆင့်မြင့် ပညာဦးစီးဌာနမှ ထုတ်ပြန် ထားသည်။

"ဘယ်လောက်ခေါ်မယ်ဆိုတာ ကတော့ လာမယ့် ၁ ရက်နေ့မှာ တိုင်းဒေသကြီး ပညာရေးမှူးတွေကို ခေါ်ထားပါတယ်။ အဲဒီနေ့ကျမှ လိုအပ် ချက်ရော၊ လုပ်ငန်းအစီအစဉ်တွေ ပါညှိပြီးမှ ဘယ်လောက်ခေါ်မယ် ဆိုတာကို သိရမှာပါ " ဟု ရန်ကုန်ပညာ ရေးတက္ကသိုလ်တာဝန်ခံပါမောက္ခ ချုပ်ဒေါက်တာအေးအေးမြင့်က နို ဝင်ဘာ ၂၈ ရက်ကပြောသည်။
လျှောက်ထားလိုသူများသည် သတ်မှတ်ချက်များနှင့်ကိုက်ညီပြီး အ ဆိုပြုလျှောက် လွှာများနှင့်အတူ မြို့ နယ်ပညာရေးမှူးရုံးများ သို့ လျှောက် ထားနိုင်ကြောင်း သတ်မှတ်ချက်များ နှင့်ကိုက်ညီသော အခြားပညာရေး ဝန်ထမ်းများသည် သက်ဆိုင်ရာ ကျောင်းများ မှတစ်ဆင့် မြို့နယ်ပညာ ရေးမှူး ရုံးများသို့လည်းကောင်း၊ ဦးစီး ဌာနမှဝန်ထမ်းများသည် သက်ဆိုင် ရာဦးစီးဌာနများသို့ ဒီဇင်ဘာ ၂၃ ရက်နောက်ဆုံးထားလျှောက် ထား ရမည်ဖြစ်သည်။
ဝင်ခွင့်စာမေးပွဲများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဘားအံမြို့၊ ထားဝယ်မြို့၊ မြိတ်မြို့၊ ပဲခူးမြို့၊ တောင် ငူမြို့၊ ပြည်မြို့၊ မော်လမြိုင်မြို့၊ စစ်တွေ မြို့၊ ကျောက်ဖြူမြို့၊ သံတွဲမြို့၊ ပုသိမ် မြို့၊ ဟင်္သာတမြို့၊ ဖျာပုံမြို့၊ မြောင်း မြမြို့ ၊ ရန်ကုန်မြို့၊ မြစ်ကြီးနား၊ ဗန်း မော်၊ လွိုင်ကော်၊ ဟားခါး၊ မင်းတပ် မြို့၊ မုံရွာ၊ မကွေး၊ မန္တလေး၊ တောင် ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ နေပြည် တော်တို့တွင် စာစစ်ဌာနများဖွင့်လှစ် ပြီး ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။
စာပေးစာယူနှစ်နှစ်သင်တန်း သို့ ဝင်ခွင့်လျှောက် ထားသူများကို အ ထူးပြုဘာသာရပ်၏ ဘွဲ့ကြိုတန်း ပထမနှစ်နှင့်ဒုတိယနှစ် သင်ခန်းစာ များကိုလေ့လာရမည်ဖြစ်ပြီး သက် ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် သတ်မှတ်ထားသောစာ ဖြေဌာ နများ တွင် သုံးနာရီမေးခွန်း ဖြေဆိုကြရမည်ဖြစ်ကြောင်း ဝင်ခွင့် စာမေးပွဲတွင် မြန်မာစာမှ လွဲ၍ ကျန်ဘာသာများကို အင်္ဂလိပ် ဘာသာ ဖြင့်
ဖြေ ဆိုရမည်ဖြစ်ကြောင်း သိရ သည်။
ATK

No comments:

Post a Comment