Saturday, November 26, 2016

အင်္ဂလီကန် ဘုရားရှိခိုးကျောင်း ဝန်း အစည်းဝေး ခန်းမဆောင် ၂ ထပ် အဆောက်အဦး မီးလောင် ကျွမ်း

26.11.2016 Sat. Am: 0215 အချိန်ခန့် တွင် မြစ်ကြီးနားမြို့သီတာရပ်ကွက် နယ်မြေ (၅) ရှိ အင်္ဂလီကန် ဘုရားရှိခိုးကျောင်း ဝန်းအတွင်း အစည်းဝေး ခန်းမဆောင် ၂ ထပ် အဆောက်အဦးအား မီးလောင် ကျွမ်းမှုဖြစ်ပွါးခဲ့၍ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးစိုးဝင်း ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ၅၆ ဦး မီးငြှိမ်းသတ် ယာဉ် ၄ စီး ရေသယ်ယာဉ် ၃ စီး အရန်တပ်ဖွဲ့ဝင် ၃၀ ဦး ရေသယ်ယာဉ် ၂ စီး စည်ပင်သာယာ ရေသယ်ယာဉ် ၁စီး တို့ ဖြင့် ငြှိမ်းသတ်ခဲ့ရာ ၀၃၀၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ ပြီး ၀၃၃၀ အချိန်တွင် မီးလုံးဝ ငြိမ်းခဲ့ပါသည်​။ (ကို​ဇေယျာဇာမဏီ / ကျော်​သက်​​ထွေး)

No comments:

Post a Comment