Saturday, November 26, 2016

ကျောက်ပန်းတူ ရပ်ရွာလူကြီးတစ်ဦးအိမ် မီးရှို့တိုက်ခိုက်ခံရ

မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန်းတူရွာ အနောက်ဘက်တွင် ဘင်္ဂလီ လူကြီးတစ်ဦး၏ အိမ်ကို ယမန်နေ့ ညဥ့်အချိန်တွင် ဓာတ်ဆီပုလင်းများဖြင့် အမည်မသိ လူတစ်စုက တိုက်ခိုက်သဖြင့် ငါးပေပတ်လည် အခန်းတစ်ခု မီးလောင်သွားခဲ့သည်ဟု သတင်းရရှိသည်။ေ ကျာက်ပန်းတူ ကျေးရွာ အုပ်ချုပ်ရေးမှူးက “ သူ့နာမည်က ရော်ဖိပါ။ သူတို့ အချင်းချင်း တိုက်ကြတာပါ။ ဦးရော်ဖိက ကျေးရွာလူကြီးဆိုတော့ အစိုးရတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့သူပါ။ ဒါကို မကျေနပ်တဲ့ ဘင်္ဂလီအချို့က ညဥ့် ၁၂ နာရီကျော်မှာ ဓာတ်ဆီပုလင်းနဲ့ အိမ်ခေါင်းမိုးပေါ် လှမ်းပစ်ပြီး မီးရှို့ဖို့ ကြိုးစားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဓာတ်ဆီပုလင်းနှင့် အိမ်ခေါင်းမိုးသို့ ပစ်တင်စဉ် ဦးရော်ဖိ ဇနီးဖြစ်သူက မြင်ပြီး ၀ိုင်းဝန်း ငြိမ်းသတ်သဖြင့် မီးမှာ တစ်အိမ်လုံးကို ကူးစက် လောင်ကျွမ်းခြင်း မရှိခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။
အလားတူ ညောင်ချောင်းရွာတွင်လည်း ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေသူ ဘင်္ဂလီ ရာအိမ်မှူး တစ်ဦး၏ အိမ်ကို နိုဝင်ဘာလ ၂၄ ရက်နေ ည ၁၀ နာရီ ခန့်က မသမာသူတစ်ချို့မှ မီးရှို့ခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ်၊ ဂေါ်ဒူသာရကျေးရွာအုပ်စု အနောက်ရွာနေကျေးရွာရပ်မိရပ်ဖနှင့် ရာအိမ်မှုး တာဝန်ထမ်းဆောင်သူ ဂျာမာလ် (၄၂) နှစ်သည် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဂေါ်ဒူသာရ ကျေးရွာအုပ်စု တောင်ရွာနေ ဟာဘီအုလ္လာ (၄၀) နှစ် ကနေအိမ်သို့ ညနေစာ စားရန်သွားရောက်ပြီးနောက် သတ်ဖြတ်ခံခဲ့ရသည်။
နိရဉ္စရာ

No comments:

Post a Comment