Tuesday, November 29, 2016

ဆူဇူကီးဆီမီးဖိုင်နယ် မြန်မာနှင့်ထိုင်းပွဲတွင် မြန်မာပရိသတ်များ အမှိုက်ကောက်ကြမည်

၂၀၁၆ ခုနှစ် အာဆီယံ ချန်ပီယံရှစ် (AFF Suzuki Cup 2016) ဆီမီးဖိုင်နယ် မြန်မာ နှင့်ထိုင်းပွဲတွင် သုဝဏ္ဏဘောလုံးကွင်းအတွင်း ပရိတ်သတ်များနှင့်အတူ အမှိုက်ကောက်ကြမည်ဖြစ်ကြောင်း  စင်ကာပူအခြေစိုက် Green & Clean အဖွဲ့မှ ကိုစန်းမောင်မောင် ကပြောသည် ။ ဒီဇင်ဘာ ၄ ရက်နေ့တွင်ပြုလုပ်မည့်အဆိုပါပွဲတွင် လူဦးရေတစ်ရာခန့် က ရိုးရိုးတန်းပွဲကြည့်စဉ်တွင်အမှိုက်ကောက်ကြမည်ဖြစ်ပြီး ပါဝင်အမိုက်ကောက်လိုသူများကိုလည်း ဖိတ်ခေါ်ကြောင်း ၄င်းကပြောသည်။ "ရိုးရိုးတန်းဘက်မှာကောက်မှာပါ ။အထူးတန်းဘက်မှာအမှိုက်ကောက် တဲ့လုပ်အားပေးအဖွဲ့တွေလည်းရှိပါတယ် ။  အရင်ပွဲတွေကကျွန်တော်တို့ကောက်တဲ့အခါ ကျွန်တော်တို့ရှေ့ ကလုပ်ပြလိုက်တော့ပရိတ်သတ်တွေကသူတို့အမှိုက်လေးတွေ ကို ပြန်သိမ်းလိုက်တာလေးတွေလည်းတွေ့ရတယ် " ဟု ၄င်းကပြောသည် ။
စင်ကာပူရောက်မြန်မာများဖြင့် ဖွဲ့စည်းထားသည့် Green & Clean  အဖွဲ့သည် စင်ကာပူနိုင်ငံတွင်ပြုလုပ်ခဲ့သော ၂၀၁၄ AFF Suzuki Cup တွင် မြန်မာပွဲစဉ်များအပြီးဘောလုံးကွင်း အတွင်းအမိုက်ကောက်ခဲ့ကြပြီး ထိုလုပ်ဆောင်မှုနှင့် ပတ်သတ်၍ စင်ကာပူ အခြေစိုက် Straits Times သတင်းစာက  အဆင့်အတန်းရှိသည့်အမူအကျင့်တစ်ခုအဖြစ် ချီးကျူးဖော်ပြခဲ့ဖူးသည် ။ Green & Clean အဖွဲ့မှ ကိုစန်းမောင်မောင်နှင့်အတူ လုပ်အားပေး လူငယ်များသည် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပသော  ယခုနှစ် Suzuki Cup တွင်လည်း အုပ်စုပွဲစဉ်များတစ်လျှောက်  အမိုက်ကောက်ခဲ့ကြပြီး ပွဲမစခင် ၊ ပထမပိုင်းနားသည့် အချိန်နှင့် ပွဲပြီးချိန်များတွင်အမှိုက်ကောက်ကြမည်ဖြစ်ကြောင်းသိရသည် ။ MZ

No comments:

Post a Comment