Wednesday, November 30, 2016

မူဆယ်မြို့အတွင်း အကြမ်းဖက်သောင်းကျန်းသူများက လက်လုပ်အသံမိုင်းများ ဖောက်ခွဲ

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မူဆယ်မြို့အတွင်း နိုဝင်ဘာ (၂၈) ရက် ည (၉) နာရီ (၄၅) မိနစ်ခန့်က ဟိုနားရပ်ကွက်၊ ဆေးရုံအသစ်မြေနေရာမှာ တစ်ကြိမ်၊(၁၀)နာရီ (၅) မိနစ်ခန့်နဲ့(၁၀) နာရီ မိနစ်(၅၀)ခန့်တို့က ဟိုနားရပ်ကွက်၊ မြို့ပတ်လမ်းရှိ အေဂျီ ဘုရားကျောင်းလမ်းသွယ်အနီးမှာ ပေါက်ကွဲမှု(၂) ကြိမ် ဖြစ်ပွား ခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဉ်တွေဖြစ်ပွားခဲ့တဲ့ နေရာတွေကို နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းက သွားရောက်ရှင်းလင်း စစ်ဆေးခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူတွေက ပြည်သူလူထုစိုးရိမ် ထိတ်လန့်မှုဖြစ်ပွားစေဖို့လက်လုပ်အသံမိုင်းတွေနဲ့ဖောက်ခွဲတာဖြစ်ကြောင်းသိရပါတယ်။အဲဒီနေရာနဲ့ပတ်ဝန်းကျင်အနီးတစ်ဝိုက်ကိုတပ်မတော်စစ်ကြောင်းတွေကနယ်မြေရှင်းလင်းရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ(၂၆)ရက် ည(၈)နာရီ (၄၅)မိနစ်ကKIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့တွေဟာ ကွတ်ခိုင်မြို့နယ်၊ မုံးယားရွာအနီးမုံးကိုး-မုံးစီးသွားတဲ့လမ်းဟောင်းပေါ်ကအရှည်ပေ(၄၀)၊အကျယ်(၁၂)ပေရှိ ကျောက်စီ ခုံးတံတားကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ(၂၉)ရက် နံနက်(၁၁)နာရီ(၁၀)မိနစ်ခန့်မှာတော့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ကွတ်ခိုင်-သိန်းနီ အကြား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ လမ်းလုံခြုံရေး ဆောင်ရွက်နေတဲ့တပ်မတော် စစ်ကြောင်းက ဒေသန္တရလက်လုပ်မိုင်း(၄)လုံးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာ ဖြစ်ပါတယ်။

No comments:

Post a Comment