Monday, November 28, 2016

"လိင်တူချစ်သူတွေကြားက မေတ္တာတွေကို ရိုက်ကူးထားတဲ့ မေထုန်ရာသီဖွား ၉ ရက်နေ့ ရုံတင်မယ်"

ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ဇာတ်ကားတွေထဲက တမူထူးခြားတဲ့ ဇာတ်ကား တစ်ကားဖြစ်တဲ့ မေထုန်ရာသီဖွား အမည်ရ ရုပ်ရှင်ကားကြီးကို ဒီဇင်ဘာလ (၉)ရက်နေ့ကစပြီး ရန်ကုန်၊ မန္တလေးနဲ့အခြားမြို့တွေမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မြန်မာ အမျိုးသား လိင်တူ ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်း သဘောတရားတွေနဲ့ လိင်တူချစ်သူတစ်ဦးနဲ့ လက်ထပ်ထားတဲ့ အမျိုးသမီး တစ်ဦးရဲ့ခံစားမှုတွေကို ပီပြင်အောင် ရိုက်ကူး တင်ဆက်ထားတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားရဲ့ press showကို ဒီကနေ့ နိုဝင်ဘာ(၂၇)ရက်နေ့ တာမွေမြို့နယ်မှာရှိတဲ့ Mega Aceရုပ်ရှင်ရုံမှာ ပြသခဲ့ပြီး မကြာသေးခင်က အမေရိကန်နိုင်ငံမှာ ရုံတင် ပြသခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယား၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့မှာလဲ မကြာမီ ရုံတင်ပြသသွားဖို့ ရှိတယ်လို့လဲ သိရပါတယ်။

No comments:

Post a Comment