Thursday, November 17, 2016

" ဦးမျိုးရန်နောင်သိမ်း၏ အာမခံလျှောက်ထားမှု ပယ်ချခံရ "

တပ်မတော်က ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်တရားစွဲဆိုထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းအား အာမခံပေးရန် ၄င်း၏ရှေ့နေက အာမခံလျှောက်ထားရာ တရားသူကြီးက အာမခံလျှောက်ထားမှုကို ပယ်ချလိုက်သည်။ ယနေ့(နိုဝင်ဘာ၁၇ရက်)တွင် ဦးမျိုးရန်နောင်သိမ်းအား တတိယအကြိမ် ရမန်ယူရုံးထုတ်ရာတွင် ပထမဆုံးအကြိမ် အာမခံလျှောက်ထားခဲ့ခြင်း ဖြစ်သည်။ မြို့နယ်တရားသူကြီး၏ အာမခံပယ်ချမှုကို မကျေနပ်သောကြောင့် ခရိုင်တရားရုံးထံ ဆက်လက်လျှောက်ထားသွားမည်ဟု ဦးမျိုးရန်နောင်သိမ်းက သတင်းထောက်များအား ပြောကြားသည်။ ဦးမျိုးရန်နောင်သိမ်းကို အလုံမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ယခင်က အလုံတရားရုံးတွင် နှစ်ကြိမ်တိတိ ရုံးထုတ်ရမန်ယူထားခဲ့သော်လည်း ၎င်း၏ နေရပ်လိပ်စာမှားယွင်းနေမှုကြောင့် ယနေ့ ရုံးထုတ်ရမန်ယူမှုကို ကမာရွတ်မြို့နယ် တရားရုံးတွင် ပြောင်းလဲ၍ ရုံးထုတ်ခဲ့သည်။

No comments:

Post a Comment