Friday, November 25, 2016

လက်ရှိကြုံတွေ့ရင်ဆိုင်နေသော စိန်ခေါ်မှုနှင့် ဖိအားများကို အောင်မြင်စွာ ဖြတ်ကျော်ရန် ဒီချုပ်နာယက ဦးတင်ဦး တိုက်တွန်း

ပြည်ထောင်စုငြိမ်းချမ်း ရေး ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ရေးအတွက် လက်ရှိ ကြုံတွေ့ရင်ဆိုင်လျက်ရှိသော စိန်ခေါ်မှုနှင့် ဖိအားများကို အောင် မြင်စွာ ဖြတ်ကျော်ကြရန် လေး နက်စွာ တိုက်တွန်းကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ (၉၆) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကြေညာချက်တွင် ဖော်ပြထား သည်။ ဒီချုပ်က နိုဝင်ဘာ ၂၄ ရက်တွင် (၉၆)နှစ်မြောက် အမျိုးသား နေ့ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ လက်ရှိဆင်နွှဲနေသော ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစုပင်လုံညီလာခံအောင်မြင်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်ရေးကို ဦးလည်မသုန် အကောင်အထည်ဖော်ရင်း ကြုံတွေ့ရင်ဆိုင်လျက်ရှိသော စိန်ခေါ်မှုနှင့် ဖိအားများကို အောင်မြင်စွာ ဖြတ်ကျော်ကြပါစို့ဟု လေးနက် စွာ တိုက်တွန်းလိုက်ကြောင်း ဖော် ပြပါရှိသည်။



‘‘ယခုဖြစ်လာတဲ့ အခြေအ နေတွေကြည့်ပြီးတော့ တော်တော်များများ စိတ်အားငယ်တာတွေ ဖြစ်ကောင်းဖြစ်မယ်။ ကျွန်တော် ကတော့ မငယ်ပါဘူး။ လုံးဝ မငယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ ရှိသင့်ရှိထိုက်သော ညီညွတ်မှုအင်အားရှိရင် ဘယ်ဟာမှ ကျွန်တော်တို့ ကြောက်စရာ မလိုဘူး’’ဟု ဒီချုပ်နာယက ဦးတင်ဦးက လတ်တလောတွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ၌ ဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များကို ရည်ညွှန်း၍ ပြောကြားသည်။

ဆက်လက်၍ ၎င်းက ‘‘အဲဒီ တော့ ညီညီညွတ်ညွတ် ကြိုးစား ပေးပါ။ ကျွန်တော်တို့ တာဝန်ရှိတာက ညီညီညွတ်ညွတ် ဖြစ် အောင် ဘယ်လောက်လုပ်မလဲ။ အကုန်လုံး ညီညွတ်အောင်လုပ်ဖို့ က မဖြစ်နိုင်ဘူး။ သို့သော် ရှိသင့် ရှိထိုက်တဲ့ အင်အား၊ ခွန်အား တိုင်းရင်းသားအစုတွေ၊ လူမှုအဖွဲ့ အစည်းတွေ၊ နောက်ပြီးတော့ အ ခြား အခြားသော ပါတီအဖွဲ့အ စည်းတွေ၊ နောက်ပြီးတော့ တပ် မတော်သားတွေ အားလုံးပေါင်း စပ်ပြီးတော့ ရနိုင်သမျှ လုပ်နိုင်တဲ့ ညီညွတ်မှုရရင် ဘယ်အရာမှ ကြောက်စရာမလိုပါဘူး’’ဟု ပြော သည်။

မြန်မာနိုင်ငံ သမိုင်းအဆင့် ဆင့်တွင် ယခု အခြေအနေထက် ကြီးမားသော အန္တရာယ်များကို ကြုံတွေ့ခဲ့ရသော်လည်း တစ်နိုင်ငံ လုံးရှိ တိုင်းရင်းသားများအရေး ကြုံပါက သွေးစည်းမည်ဟူသည့် စိတ်ဓာတ်ဖြင့် လုပ်ဆောင်ခဲ့ရာ အောင်ပွဲခံခဲ့သည်ကသာ များ ကြောင်း၊ ပြောကြားနေသည့် ကန့်သတ်စစ်ဆိုသော စကားလုံးကို လက်မခံကြောင်း ဦးတင်ဦးက ဆိုသည်။

ဆက်လက်၍ ဦးတင်ဦးက ‘‘အခုဟာက ကပေါက်တိ က ပေါက်ချာ စုပေါင်းပြီး ပစ်တာ ခတ် တာလောက်ပဲ ရှိပါတယ်။ ဒီလိုကျွန်တော်ပြောရင် နှိမ်ပြောတာ လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ခေါင်းဆောင်က ပြောပြောနေတဲ့ဟာက လာပါ၊ ပစ်ခတ်ပြီးလုပ်ကိုင်တာတွေ မစဉ်းစားကြ ပါနဲ့။ ထိုင်ပါ လက်နက်တွေ ဘေးခဏချထားပါ။ လိုချင်တာပြော ပါ။ ညှိနှိုင်းကြပါ။ ဆွေးနွေးကြပါ။ ပြောတဲ့အခါမှာလည်း ဖြစ်နိုင်တာ ပြောပါ။ လုပ်လို့ရမယ့်ဟာပြောပါ။ ပေးနိုင်တာကို ပြောပါ။ယူနိုင်တာကို ပြောပါ။ ညှိကြပါပြုကြပါလို့ ပြောတာ။ အင်မတန်မေတ္တာနဲ့ သစ္စာစကားကို အမြဲတမ်းထုတ်ဖော်ပြောပြောပြီး တော့  စည်းရုံးနေတဲ့ ခေါင်းဆောင်ဖြစ် ပါတယ်’’ဟု ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းဒေသ တွင် နိုဝင်ဘာ ၂၀ ရက်က ဖြစ် ပွားခဲ့သော တိုက်ပွဲများသည် ကန့် သတ်စစ်သာဖြစ်သောကြောင့် အ မျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေရန် ရည်ရွယ်ခြင်း မဟုတ်ဟု တိုက်ခိုက်မှုဖြစ်စဉ်များ ၌ ပါဝင်ခဲ့သည့် KIO/KIA က နိုဝင်ဘာ ၂၃ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

တပ်မတော်က တိုင်းရင်း သားဒေသအနှံ့တွင် သာလွန်အင် အား အသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် မြောက် ပိုင်းဒေသရှိ KIA၊ AA၊ MNDAA နှင့် TNLA တို့က စစ်ရေးနှင့် ဖိအားပေးမှုကို တုံ့ပြန်သည့် အနေဖြင့် စုပေါင်းကာ ကန့်သတ်စစ်ဆင်နွှဲရခြင်းဖြစ်သည်ဟု KIO က ဆို သည်။ နိုဝင်ဘာ ၂၀ ရက်ကမူဆယ် ဒေသ တိုက်ပွဲများကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်များ သေဆုံး၊ ထိခိုက်ခဲ့ သည့်အပြင် အရပ်သားများ သေ ဆုံးခြင်း၊ ဒဏ်ရာရခြင်းတို့ဖြစ်ပေါ် ခဲ့ပြီး ယင်းဒေသရှိ ပြည်သူ ထောင် နှင့်ချီ၍ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ထို့ အပြင် တိုက်ပွဲများကြောင့် သွား လာရေးလမ်းကြောင်းများ ပြတ်တောက်ခဲ့ပြီး နယ်စပ်ကုန်သွယ်မှု များရပ်တန့်ခဲ့သည်။

No comments:

Post a Comment