Wednesday, November 23, 2016

စာသင်ကျောင်းများတွင် ဟောပြောခွင့်ရရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ခွင့်ပြုချက်တောင်းခံ

 ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်း များတွင် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ ဟောပြောပွဲများ ပြုလုပ်ရန် နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ ခွင့်ပြု ချက်တောင်းခံထားကြောင်း သတင်းရရှိသည်။ အခြေခံပညာကျောင်းများ ရှိ ကျောင်းသား၊ ကျောင်းသူများ ကလေးသူငယ်တို့၏ ကိုယ်ပိုင်အ ခွင့်အရေးနှင့် ရပိုင်ခွင့်တို့ကို ပိုမို နားလည်စေရန် ရည်ရွယ်၍ ဟောပြောပွဲများ ဆောင်ရွက်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တို မြို့နယ် အထက (၁) ကျောင်း တွင် ပြုလုပ်ခဲ့သည့် ကလေးသူ ငယ်နှင့် လူ့အခွင့်အရေး၊ သက် ငယ်မုဒိမ်းကာကွယ်ရေး ဟော ပြောပွဲတွင် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေး အသင်းမှ သင်တန်းတာဝန်ခံ ကိုဝဏ္ဏနွယ်က ပြောသည်။



လှိုင်သာယာ၊ ဒေါပုံ၊ ဒလ၊ သင်္ဃန်းကျွန်း၊ ကျောက်တံတား နှင့် ဗဟန်းမြို့နယ်ရှိ အခြေခံ ကျောင်းများတွင် ရန်ကုန်တိုင်း ဒေသကြီး၊ လူမှုရေးဝန်ကြီး၊ အ ခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ဟောပြောပွဲများ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘လူ့အခွင့်အရေးနှင့် ပတ် သက်ပြီး ကျွန်တော်တို့နိုင်ငံမှာက လူကြီးတွေတောင်မှ သေသေချာ ချာကျကျနန မသိပါဘူး။ ဓမ္မာရုံ တွေမှာ၊ အိမ်တွေမှာ အသံချဲ့စက် တွေ အကျယ်ကြီးဖွင့်နေတာဟာ သူတစ်ပါး အခွင့်အရေးကို ထိပါး နေတယ်ဆိုတာမျိုးတွေကို မသိ ကြပါဘူး။ ဒါကြောင့် လူ့အခွင့်အ ရေးဆိုင်ရာ အခြေခံအချက်တွေ ကို ကလေးဘ၀က စပြီးသိနား လည်နိုင်ဖို့ ရည်ရွယ်ပါတယ်’’ဟု ကိုဝဏ္ဏနွယ်က ပြောသည်။

မကွေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုဂ္ဂလိက ကျောင်းများတွင် က လေးသူငယ်ဆိုင်ရာ အခွင့်အရေး များနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၆ နှင့် ၂၇ ရက်၌ ဟောပြောပွဲများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ကိုဝဏ္ဏနွယ်က ပြောသည်။

ကျောင်းတွင်း အသိပညာ ပေးအနေဖြင့် ဆရာ၊ ဆရာမများ က ဟောပြောပွဲများ ပြုလုပ်ပေး လေ့ရှိသော်လည်း လူ့အခွင့်အရေး နှင့်ပတ်သက်ပြီး နားလည်တတ် ကျွမ်းသူများ လာရောက်ဟော ပြောခြင်းက ကလေးများအတွက် ပိုမိုနားလည်လွယ်ကြောင်း ဆိပ် ကြီးခနောင်တိုမြို့နယ်မှ အထက် တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မော်မော်ခိုင်က ပြောသည်။ အောင်ကျော်ဇင်ဟိန်းသာ

No comments:

Post a Comment