Monday, November 28, 2016

ဆံတော်ရှင်ဘုရားပွဲတော် လုံခြုံရေးစိုးရိမ်စရာမရှိဟု စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဆို

ရခိုင်ပြည်နယ်တွင် အစည်ကားဆုံး ဘုရားပွဲတော်တစ်ခုဖြစ်သည့် ဆံတော်ရှင်ဘုရားပွဲတော်ကို
လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့မှာ စတင်ကျင်းသွားမည်​ဖြစ်​ရာ ပွဲ​တော်​လုံခြုံရေးကို တပ်မတော်နှင့်ရဲတပ်ဖွဲ့အင်အား လုံလောက်စွာ ချထားပေးမည်ဖြစ်​​သော​ကြောင့်​ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိကြောင်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးဝင်းနောင်က DMG ကို ပြောသည်။ မောင်တောဒေသတွင်လည်း အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိနေသောကြောင့် ဆံတော်ရှင်ဘုရားပွဲတော်အား ကူးစက်လာမည်ကိုလည်း စိုးရိမ်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။ “မောင်တောအကြမ်းဖက်မှုက လုံးဝမကူးစက်နိုင်ပါဘူး။ လုံခြုံရေးကိုလည်း တပ်မတော်ရယ်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံလောက်စွာ ချထားပေးမှာပါ။ လုံခြုံရေးစိုးရိမ်စရာ မရှိပါဘူး”ဟု စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဦးဝင်းနောင်က ပြောသည်။ ပေါက်တောမြို့နယ် ​မြေငူကျွန်းတွင် တည်​ရှိသည့် ဆံတော်ရှင်ဘုရားပွဲတော်အား ဒီဇင်ဘာလ ၉ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေထိ ၇ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment