Tuesday, November 22, 2016

ဓာတ်အားလိုင်းစနစ် အပြစ်ဖြစ်၍ တစ်နိုင်ငံလုံး နှစ်နာရီခန့်ကြာ လျှပ်စစ်မီးပြတ်

လျှပ်စစ်ဓာတ်အားပေးသည့် စနစ်ပြတ်တောက်မှု (Sys-tem Break) ဖြစ်ပွားမှုကြောင့် နိုဝင်ဘာ ၂၁ ရက် ည ၇ နာရီ မိနစ်၅၀ က စတင်၍ တစ်နိုင်ငံလုံးရှိ မြို့များတွင် နှစ်နာရီခန့်ကြာ လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည်။ေ တာင်တွင်းကြီး - ရွှေ တောင် မဟာ ၂၃၀ ကေဗီဓာတ် အားလိုင်း အပြစ်ဖြစ်ပေါ်သဖြင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ တော်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သတင်းထုတ် ပြန်သည်။ ‘‘System Break ဖြစ်သွား လို့ တစ်နိုင်ငံလုံး ပြတ်သွားပါ တယ်။ အခုလောလောဆယ်ပြန် ပြင်နေလို့ ဒီထက်ပိုပြောလို့မရပါ ဘူး’’ဟု ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေး ရှင်း အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။



ယခုရက်ပိုင်းအတွင်း မီး ပြတ်တောက်မှုကြောင့် ပြည်သူ များအခက်အခဲမျိုးစုံကြုံတွေ့နေ ရပြီး လျှပ်စစ်မီး မကြာခဏပြတ် တောက်နေမှုကို ဝေဖန်မှုများရှိနေသည်။‘‘အခုတစ်လော မီးက ခဏ ခဏပြတ်တယ်။ လာပြန်တော့ လည်း မီးအားက မကောင်းဘူး။ မီးအားမြှင့်စက်ရှိတဲ့ အိမ်တွေ တော့ အဆင်ပြေတယ်။ မရှိတဲ့ အိမ်တွေကျတော့ မီးချောင်းတွေ ကျွမ်းမှာစိုးလို့ ပိတ်ထားရတယ်’’ ဟု တောင်ဥက္ကလာပမြို့နယ်နေ အသက် (၂၆)နှစ် အရွယ် အမျိုးသမီးတစ်ဦးကဆိုသည်။

ရန်ကုန်မြို့အပါအ၀င် မြို့ ကြီးများတွင် နိုဝင်ဘာ ၂၁ ရက် ည ၉ နာရီ မိနစ်၅၀ ခန့်၌ လျှပ်စစ် မီးများ ပြန်လာပြီဖြစ်ကြောင်း အ ဆိုပါဒေသခံပြည်သူများထံမှ သိရသည်။‘‘ရန်ကုန်မြို့ရှိ မြို့နယ် ၈၀ ရာခိုင်နှုန်းကို မီးအားစတင်ပေးနေပါပြီ။ အခုပြတ်သွားတဲ့ လိုင်းက အဓိကမီးပေးနေတဲ့ မဟာဓာတ် အားလိုင်းရဲ့ အဓိကလိုင်းတစ်ခု ဖြစ်တဲ့အတွက် မီးပြတ်သွားတာ ပါ’’ဟု ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။ လျှပ်စစ်မီး လာချိန်တွင်  လျှပ်စစ်ဓာတ်အား မတည်ငြိမ် ဘဲ မကြာခဏပြတ်တောက်မှုများဖြစ်ပေါ်နေသောကြောင့် ပြည်သူများအခက်အခဲ ကြုံတွေ့နေရ သည်ဟု ဆိုသည်။

ပြီးခဲ့သည့်ဧပြီနှင့် မေလအ တွင်းကလည်း တစ်နိုင်ငံလုံးသို့ ဓာတ်အားပို့လွှတ်နေသည့် မဟာ ဓာတ်အားလိုင်းများ ချို့ယွင်းခဲ့ ခြင်းကြောင့် နိုင်ငံတစ်ဝန်းလျှပ်စစ်မီးများ ပြတ်တောက်ခဲ့သည်။

No comments:

Post a Comment