Friday, November 18, 2016

ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် နှစ်ဦး မဲမသမာမှုဖြင့် လွှတ်တော်မှ ထွက်ခွာရမည်

ရွေးကောက်ပွဲတွင်မဲ မသမာမှု့ကြောင့် အယူခံဝင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်အယူခံနိုင်၍ လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီနှစ်နေရာထပ်မံ ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ မန္တလေး တိုင်းဒေသကြီး ၂ နေရာနှင့် အမျိုးသားလွှတ်တော် ၁ နေရာ ပြည်သူ့လွှတ်တော် ၁ နေရာ အတွက် အနိုင်ရရှိခဲ့သော်လည်း ပြည်သူ့လွှတ်တော်မှ ကိုယ်စား လှယ်တစ်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦး တို့မှာ  အယူခံတွင် ရှုံးနိမ့်ခဲ့သောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်နေရာ နှစ်နေရာ အစားထိုးဝင်ရောက်မည်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးတို့မှာ ရွေးကောက်ပွဲကော်မရှင်တွင် အယူခံလွှာတင်သွင်းခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်နှစ်ဦးအား အနိုင်ပေးခဲ့ခြင်းဖြစ်ကြောင်း  အနိုင်ရရှိခဲ့သူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦးက ပြောသည်။ “ကျွန်တော်တို့ ကို အနိုင်ပေးလိုက်ပါတယ် လွှတ်တော်ကို အားခြင်း တက်ရမှာပါ။ အခုကျွန်တော်တို့ လိုအပ်တဲ့ ဖောင်တွေဖြည့်နေပါတယ်။” ဟု ၎င်းကထပ်မံပြောသည်။

No comments:

Post a Comment