Monday, November 28, 2016

၂ဝ၁၆ ဆူ ဇူ ကီး ဖ လား ပြိုင် ပွဲ ဆီ မီး ဖိုင် နယ် ပွဲ စဉ် များ ကျင်းပမည်

၂ဝ၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များပြီးဆုံးခဲ့ပြီဖြစ်ပြီး ဆီမီးဖိုင် နယ် ပွဲစဉ်များကို ဒီဇင်ဘာလဆန်းပိုင်းတွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။ အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု(က)မှ လက်ရှိချန်ပီယံထိုင်းအသင်းနှင့် အင်ဒို နီးရှား အသင်း၊ ဗီယက်နမ်အသင်းနှင့် မြန်မာ အသင်း တို့ ဆီမီးဖိုင်နယ် သို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို အိမ် ကွင်း၊ အဝေးကွင်း နှစ် ကျော့ စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ အင်ဒိုနီးရှားအသင်းနှင့် ဗီယက်နမ်အသင်း၊ ဒီဇင်ဘာ ၄ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ မြန်မာအသင်းနှင့် လက်ရှိချန်ပီယံ ထိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

ဆီမီးဖိုင်နယ် ဒုတိယ အကျော့အဖြစ် ဒီဇင်ဘာ ၇ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ဗီယက်နမ်နှင့် အင်ဒိုနီးရှား၊ ဒီဇင်ဘာ ၈ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ရာဇမင်္ဂလာကွင်း၌ ထိုင်းအ သင်းနှင့် မြန်မာ အသင်းတို့ ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။
မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည့် ထိုင်းအသင်းသည် ပြိုင်ပွဲတွင် အင်အား အတောင့်တင်းဆုံး အသင်းဖြစ်ပြီး ချန်ပီယံဆု ထပ်မံရယူနိုင်ရန် ရေပန်းစား နေသည့် အသင်းဖြစ်သည်။ လက်ရှိချန်ပီယံ ထိုင်းအသင်း သည် အင်ဒို နီးရှားကို ၄ ဂိုး-၂ ဂိုး စင်ကာပူကို ၁ ဂိုး- ဂိုးမရှိ၊ ဖိလစ်ပိုင်ကို ၁ ဂိုး- ဂိုးမရှိဖြင့် အနိုင် ရရှိကာ သုံးပွဲစလုံး အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းသည် အုပ်စု အဖွင့်ပွဲတွင် ဗီယက်နမ်ကို ၂ ဂိုး-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သော်လည်း ကမ္ဘောဒီးယားကို ၃ဂိုး-၁ဂိုး၊ မလေးရှားကို ၁ ဂိုး- ဂိုးမရှိဖြင့် နိုင် ကာ အုပ်စု ဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်လှမ်း ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ (၁၁)ကြိမ်တွင် ဒုတိယအကြိမ် တက် ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၂ဝဝ၄ပြိုင်ပွဲ နောက်ပိုင်း တစ်ကျော့ပြန် တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းသည် ထိုင်းနှင့် ဆီမီးဖိုင်နယ်ပွဲ အတွက် နိုဝင်ဘာ ၂၈ရက် (ယနေ့) စတင် လေ့ကျင့်မည်ဖြစ်သည်။
မြ၀တီ

No comments:

Post a Comment