Monday, November 28, 2016

အရက်ချက်စက်ရုံတစ်ခု၌ အထူးကုန်စည် အမှတ်တံဆိပ်မကပ်သည့် ပြည်ပနိုင်ငံထုတ် ဘီယာများ ဖမ်းမိ

လှိုင်သာယာစက်မှုဇုန်ရှိ အရက်ချက်စက်ရုံတစ်ရုံမှ အထူး ကုန်စည်အမှတ်တံဆိပ် မကပ် သည့် ပြည်ပနိုင်ငံထုတ် ဘီယာ များကို ဖမ်းမိထားပြီး အထူးကုန်စည်ခွန်ဥပဒေဖြင့် ပထမဆုံးအကြိမ် အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။ ‘‘အထူးကုန်စည်အဖြစ် မှတ် ပုံတင်ထားတဲ့ ကုန်ပစ္စည်းတွေကို အထူးကုန်စည် အမှတ်တံဆိပ် ကပ်ပြီး ရောင်းဝယ်မှု ရှိ၊ မရှိကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စစ်ဆေးတာပါ။ အခုဖမ်းဆီးရရှိ တဲ့ ကုန်ပစ္စည်းကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမယ်။ ပစ္စည်းတန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ကြေး ဆောင်ရမယ်’’ဟု ပြည်တွင်းအခွန်များဦးစီးဌာန၏ ညွှန်ကြားရေးမှူး တစ်ဦးကပြောသည်။



နိုဝင်ဘာ တတိယပတ်တွင် မြို့နယ်အခွန်ရုံး၊ အထွေထွေအုပ် ချုပ်မှုဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် ပြည် ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အထူးကုန်စည်အဖြစ် မှတ်ပုံတင် ထားသည့် အရက်ချက်စက်ရုံများ ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။

ယင်းသို့ စစ်ဆေးရာမှ ဖမ်း ဆီးရရှိသည့် အဆိုပါဘီယာကတ် ၃၀၀ ခန့်ကို နိုင်ငံပိုင်အဖြစ် သိမ်း ဆည်းထားပြီး ဘီယာတန်ဖိုး ကျပ် ၃၈ သိန်းခန့်ကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရန် ညွှန်ကြားထား ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာနမှ သိရသည်။

၂၀၁၆ အခွန်အကောက်ဥပဒေတွင် စီးကရက်၊ ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်၊ ကွမ်းစားဆေးများ၊ အရက်၊ ဘီယာနှင့် ဝိုင်အမျိုးမျိုး၊ ကျွန်းသစ်နှင့်သစ်မာများ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် ကျောက်မျက်ရတနာ အချောထည်၊ အကြမ်းထည်များ၊ ၁,၈၀၀ စီစီအထက် ဗင်ကား၊ ဆလွန်းကားများ၊ စက်သုံးဆီများနှင့် သဘာဝဓာတ်ငွေ့တို့ကို အထူးကုန်စည်အဖြစ် သတ်မှတ်ထားသည်။

ထိုကုန်စည်ထုတ်လုပ်တင်ပို့ ရောင်းချသူများသည် သက်ဆိုင် ရာ ပြည်တွင်းအခွန်များရုံးတွင် အ ထူးကုန်စည်ခွန်အဖြစ် မှတ်ပုံတင် ရမည်ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း ၌ အထူးကုန်စည်အဖြစ် မှတ်ပုံ တင်ထားသည့် လုပ်ငန်း ၂၆၄ ခုရှိကြောင်း စုံစမ်းသိရသည်။

ထို့အပြင် အထူးကုန်ပစ္စည်း များကို ဈေးကွက်ပေါက်ဈေးနှင့် အညီ အခွန်ကောက်ခံမည်ဖြစ်ပြီး ယင်းအချက်အလက်များကို အ ခွန်ဌာနသို့ ပေးပို့ရန် ပျက်ကွက်ပါ က ဒဏ်ကြေး ကျပ်သိန်း ၅၀ ပေး ဆောင်ရမည်ဖြစ်သည်။

အရက်နှင့်ဘီယာ ထုတ်လုပ်တင်ပို့ ရောင်းချသူများသည် ရောင်းချသော တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းကို အထူးကုန်စည်ခွန်အဖြစ် ထမ်းဆောင်ရန် ၂၀၁၆ ပြည် ထောင်စု အခွန်အကောက်ဥပဒေ တွင် ဖော်ပြထားသည်။ မျိုးစန္ဒာအောင

No comments:

Post a Comment