Monday, November 21, 2016

ကမ်းပါးပြိုမည့် အန္တရာယ်ရှိသော တောင်တွင်းကြီးရှိ မူလတန်းကျောင်း မြေနေရာသစ်ဝယ်ယူရန် ကျပ်သိန်း သုံးဆယ်ထောက်ပံ့မည်

ကမ်းပါးပြိုကျမည့် အန္တရာယ် ရင်ဆိုင်နေရသည့် တောင်တွင်းကြီးမြို့နယ် ပတ်လည် ကြီးကျေးရွာ မူလတန်းကျောင်းအ တွက် မြေနေရာအသစ်ပြန်လည် ၀ယ်ယူနိုင်ရန် မကွေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့က ကျပ်သိန်းသုံး ဆယ်ကူညီပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပတ်လည်ကြီးကျေးရွာအုပ် စု ပတ်လည်ကြီးကျေးရွာရှိ အမှတ် (၇၁)အခြေခံပညာ မူလတန်း ကျောင်းသည် အရှေ့ဘက်ရှိ ငဇင် ရိုင်းချောင်း ရေတိုက်စားမှုကြောင့်ကမ်းပါးပြိုကျမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး လက်ရှိတွင် ကျောင်းဆောင်မှာ ကမ်းပါးပြိုကျနေသည့် နေရာနှင့် ပေသုံးဆယ်ခန့်သာ ကွာဝေးတော့ကြောင်း တောင်တွင်းကြီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်က ပြောကြားသည်။



ထို့ကြောင့် အုပ်စုအုပ်ချုပ် ရေးမှူးအပါအ၀င် ဒေသခံရပ်မိရပ် ဖများနှင့် လွှတ်တော်ကိုယ်စား လှယ်များက စာသင်ကျောင်းမြေ နေရာရရှိရေး အကူအညီပေးနိုင် ရန် မကွေးတိုင်းချင်းတိုင်းရင်းသား ရေးရာဝန်ကြီးထံ အောက်တိုဘာ ၃၀ ရက်က သွားရောက်တွေ့ဆုံပြီး တိုင်းအစိုးရအဖွဲ့ထံသို့လည်း စာရေးသား တင်ပြကာ အကူအ ညီ တောင်းခံခဲ့ကြောင်း ၎င်းကပြောသည်။

‘‘အဲဒီရွာက လူကြီးတွေနဲ့ အုပ်စုအုပ်ချုပ်ရေးမှူးက ကျွန်တော့်ထံလာတွေ့ပါတယ်။ ကျောင်းနေ ရာပြောင်းရွှေ့ဖို့က မြေနေရာဝယ် ယူရမှာဖြစ်တော့ ကျပ်သိန်းသုံး ဆယ်လောက်ဆိုရင် နှစ်ဧကခွဲ လောက်မြေကို ရနိုင်ပါတယ်လို့ တင်ပြလာတော့ ကျွန်တော်လည်း တိုင်းအစိုးရအဖွဲ့ထံမှာ ဓာတ်ပုံမှတ် တမ်းနဲ့တကွ ထပ်မံတင်ပြပေးခဲ့ ပါတယ်။ တိုင်းအစိုးရအဖွဲ့အစည်း အဝေးမှာ ဒီဒေသက ကလေးငယ် တွေ ပညာသင်ကြားရေးခက်ခဲမှု မဖြစ်စေရေးအတွက် ကူညီပေး မယ်လို့ ဆုံးဖြတ်လို့ အခုလိုရရှိ တာဖြစ်ပါတယ်’’ဟု မကွေးတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းက ပြောသည်။

မကွေးတိုင်းဝန်ကြီးချုပ်ထံ သို့ အရပ်ရပ်မှ လှူဒါန်းထား သည့်ငွေများထဲမှ အဆိုပါကျောင်း နေရာအတွက် မြေနေရာဝယ်ယူ ရန် ထုတ်ယူသုံးစွဲခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ မြေနေရာဝယ်ယူ ရန် တိုင်းအစိုးရအဖွဲ့က ကူညီ ထောက်ပံ့ငွေကို လာမည့်နိုဝင်ဘာ လ ၂၂ ရက်တွင် လွှဲအပ်ပေးမည် ဟု သိရကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်လှိုင်က ဆိုသည်။

အဆိုပါ ပတ်လည်ကြီးကျေးရွာသည် အရှိုချင်းတိုင်းရင်းသားများ  နေထိုင်ပြီး အိမ်ခြေ  ၁၃၀  ကျော်ရှိကာလမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။ လင်းသက်နိုင်

No comments:

Post a Comment