Saturday, November 26, 2016

ယခုဘဏ္ဍာနှစ် အောက်တိုဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံကျော် ခွင့်ပြုထား

ယခုဘဏ္ဍာ နှစ် အောက်တိုဘာလအထိ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ် လာ ၃ ဒသမ ၄ ဘီလီယံ ကျော် ရင်း နှီးမြှုပ်နှံမှုခွင့်ပြုထားကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များအား ခွင့်ပြုပေးရာတွင် လုပ်ငန်း ၏စီးပွားရေးတွက်ခြေကိုက်မှု၊ အလုပ် အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက် ရရှိနိုင်မှု၊ ပြည်တွင်း၊ ပြည်ပဈေးကွက် အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲ ပြောင်းရရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်မှု နှင့် လူမှုရေးထိခိုက်မှု ထိန်းသိမ်းကာ ကွယ်ရေးဆောင်ရွက်မှု အစီအမံ များ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ် နှံမှုဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများ ကိုလိုက်နာခြင်း စသည့်အချက်များ ကိုအခြေခံ၍ စိစစ်ခွင့်ပြုပေးခြင်းဖြစ် ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးသန်းအောင် ကျော်က ""အခုဘဏ္ဍာနှစ်အတွက် ခန့် မှန်းထားတဲ ရင်းနှီးမြှုပ်နှံမှုပမာဏက တစ်ဝက်ကျော်သွားပါပြီ။ ခန့်မှန်း ထားတဲ့ပမာဏကို ကျော်လွန်သွား မယ်လို့ ထင်ပါတယ်""ဟု နိုဝင်ဘာ ၂၅ ရက်က ဒီမိုကရေစီတူဒေးသတင်း စာကို ပြောသည်။
ယခုဘဏ္ဍာနှစ်အတွင်း ပြည် တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆ ဘီလီယံအထိ ၀င်ရောက်လာရန် ခန့်မှန်းထား ကြောင်း သိရသည်။ယင်းအပြင် ၂၀၁၆ အောက် တိုဘာလအထိ မြန်မာနိုင်ငံသားရင်း နှီးမြှုပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၁ ခု အားခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ်သန်းပေါင်း ၃၃၁ ဘီ လီယံကျော် ခွင့်ပြုထားကြောင်း သိ ရသည်။လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံ ပေါင်း ၄၅ နိုင်ငံမှ ရင်းနှီးမြှုပ်နှံလျက် ရှိပြီး တရုတ်နိုင်ငံမှ အများဆုံးရင်းနှီး မြှုပ်နှံထားပြီး ယင်းနောက်တွင် စင် ကာပူ၊ ထိုင်းနှင့် ဟောင်ကောင်တို့မှ အစဉ်လိုက် ရင်းနှီးမြှုပ်နှံလျက်ရှိ ကြောင်း သိရသည်။
AK

No comments:

Post a Comment