Tuesday, November 22, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနှင့် အင်ဒိုနီးရှားသို့ တစ်ဆက်တည်း သွားရောက်ရန် စီစဉ်နေ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်သည် စင်ကာပူခရီးစဉ်နှင့်အတူ အင်ဒိုနီးရှားနိုင်ငံသို့ တစ်ဆက်တည်းသွားရောက်ရန် အစီအစဉ်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။ ဒေါ်အောင် ဆန်းစုကြည်အနေ ဖြင့် စင်ကာပူနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံသို့တစ်ဆက်တည်းသွားရောက် နိုင်ရန်အစီအစဉ်များရေးဆွဲညှိနှိုင်းလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဒီမိုကရေစီတူဒေး သို့ပြောသည်။ အဆိုပါခရီးစဉ်နှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ဦးကျော်ဇေယျက''ကျွန်တော်တို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အင်ဒိုနီးရှားသမ္မတက ဖိတ်ထားတာပါ။ ပြီးခဲ့တဲ့လကတည်းက သူတို့ဆီ က ဝန်ကြီးတစ်ပါးလာသွားပါတယ်။ ကုမ္ပဏီတွေကိုကြီးကြပ်စီမံခန့်ခွဲတဲ့ဝန်ကြီးဌာနကဝန်ကြီးပါ။ လာရင်းနဲ့တွေ့တဲ့အချိန်မှာ သမ္မတကြီးကဖိတ်ပါတယ် မျှော်လင့်ပါတယ်ပေါ့နော် ခရီးစဉ်အတွက်ဆိုပြီးဖိတ်သွားပါတယ်'' ဟု ဒီမိုကရေစီတူဒေးသို့ နိုဝင်ဘာ ၂ဝ ရက်တွင်ပြောသည်။
မြန်မာ-အင်ဒိုနီးရှားနှင့်ဆွေး နွေးကြမည့်အကြောင်းအရာများမှာ နှစ်နိုင်ငံအကြားရှိဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေး၊ ယင်းသို့တိုးတက်ကောင်း မွန်နိုင်ရန် နည်းလမ်းများဖော်ထုတ်နိုင်ရေး၊ ပူးပေါင်း ဆောင်ရွက်မှုအပိုင်းတွင် မည်သည့် နေရာများ၌မည်သို့ပူးပေါင်းဆောင်ရွက်ကြမည်စသည်ဖြင့် ဆွေးနွေး ကြမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
''အင်ဒိုနီးရှားနိုင်ငံမှာကလည်း သူ့နိုင်ငံရေးအခြေအနေတွေရှိ သေးတာပေါ့နော်။ သူ့သမ္မတဆိုရင် ခရီးသွားဖို့လုပ်ထားပြီးမှ ဖျက်လိုက်တာမျိုးတွေရှိတယ်ဆိုတော့ အဲဒီ တော့ ကျွန်တော်တို့ကတော့အိမ်ရှင် နိုင်ငံရဲ့ လက် ခံနိုင်မှုရှိ၊ မရှိ ဒါတွေလည်းထည့်စဉ်းစားဖို့တော့လိုမယ်''ဟု ဦးကျော်ဇေယျကပြောသည်။ အဆိုပါခရီးစဉ်နှစ်ခုကို ဆက်စပ်ရေးဆွဲလျက်ရှိသော်လည်း၊လော လောဆယ်အခြေအနေအရ ခရီးစဉ်ရက်ကိုအတည်ပြုရန် မဖြစ်နိုင် သေးကြောင်း အင်ဒိုနီးရှားနိုင်ငံ၏လက်ရှိနိုင်ငံရေးအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားနေရကြောင်း၎င်း ကဆက်လက်ပြောသည်။ အဆိုပါခရီးစဉ်များကို ယခုလကုန်ပိုင်းတွင် သွားရောက်ဖြစ် မည်ဟုမျှော် မှန်းထားကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနမှအကြီးတန်း အရာရှိတစ်ဦးက ပြောသည်။
HWA

No comments:

Post a Comment