Wednesday, November 30, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စင်ကာပူနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ

စင်ကာပူနိုင်ငံတွင် တရားဝင်ခရီး စဉ်ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ဒေသစံတော်ချိန် ၁၅း၀၀ နာရီတွင် ရှန်ဂရီလာဟိုတယ်၌ စင်ကာပူနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များနှင့်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေ နှင့် မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြား ခဲ့ပြီး မေးမြန်းချက်များအား ပြန်လည်ဖြေကြားမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment