Friday, November 25, 2016

ဂါရတ်ဘေးလ်၏ ဒဏ်ရာကို ခွဲစိတ်ကုသရမည်ဖြစ်သည့်အတွက် ကာလကြာရှည် အနားယူရမည်

ဝေးလ်တောင်ပံကစားသမား ဂါရတ်ဘေးလ်၏ ခြေကျင်းဝတ်ဒဏ်ရာကို လာမည့်အပတ်တွင် ခွဲစိတ်ကုသမည်ဖြစ်ကြောင်း ရီးယဲလ်အသင်းက အတည်ပြုခဲ့သည်။ ထို့ကြောင့် ဂါရတ်ဘေးလ်သည် အနည်းဆုံး နှစ်လမှ လေးလအထိ အနားယူရတော့မည် ဖြစ်သည်။ ရီးယဲလ်အသင်းက စပို့တင်းလစ္စဘွန်းအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဘေးလ်မှာ ထိုဒဏ်ရာကို ရရှိခဲ့ခြင်း ဖြစ်သည်။ ဘေးလ်၏ဒဏ်ရာကို ရီးယဲလ်အသင်း၏ဆေးအဖွဲ့မှ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ခွဲစိတ်ကုသရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ‘ဂါရတ်ဘေးလ်ရဲ့ ညာဘက်ခြေကျင်းဝတ် အကြောအမျှင်တွေနဲ့ အရွတ်တွေမှာ ဒဏ်ရာရရှိထားပါတယ်။ ဒါကိုခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။ လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ လန်ဒန်မြို့ King Edward VII ဆေးရုံမှာ ခွဲစိတ်ကုသသွားမှာပါ။ ရီးယဲလ်အသင်းက ဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာဂျီးဆပ်အိုလ်မိုနဲ့ ဒေါက်တာမိုက်ကယ်အာရမ်ဘာရီတို့ရဲ့ ကြီးကြပ်မှုနဲ့ ဒေါက်တာဂျိမ်းစ်ကယ်လ်ဒါက ခွဲစိတ်ကုသမှာ   ဖြစ်ပါတယ်’ ဟု ရီးယဲလ်အသင်းက အတည်ပြုကြေညာခဲ့သည်။ ထိုဒဏ်ရာကြောင့်ဘေးလ်သည် ဘာစီလိုနာနှင့် အယ်လ်ကလက်စီကိုဒါဘီ၊ ဒေါ့တ်မွန်နှင့်ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲများကို လွဲချော်ရမည့်အပြင် မတ်လတွင်ကစားမည့် ဝေးလ်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲများကိုပင် လွဲချော်ဖွယ်ရှိနေသည်။ အောင်ငြိမ်းသွေး

No comments:

Post a Comment