Monday, November 28, 2016

တရုတ်နိုင်ငံသို့ တင်ပို့နေသော ရေထွက်ကုန်များကို ထိုင်းနိုင်ငံသို့ ပြောင်းလဲတင်ပို့

မူဆယ်နယ်စပ်ကုန် သွယ်ရေးဇုန်တွင် တိုက်ပွဲများဖြစ်ပွားနေ၍ တရုတ်နိုင်ငံသို့ တင်ပို့နေသော ရေထွက်ကုန်ပစ္စည်းများ ဈေးနှုန်းကျဆင်းနေကာ ထိုင်းနိုင် ငံသို့ ပြောင်းလဲတင်ပို့နေကြောင်း ကုန်သည်များက ပြောသည်။ ‘‘ကဏန်းဆိုဒ်ကြီးဂရမ် ၁၅၀ ကနေ ၁၈၀ လောက်အရွယ်တွေ က နှစ်သစ်ကူးဆို တစ်ကီလို  ၁၀,၀၀၀ လောက် ဈေးရှိနေတာ။ တိုက်ပွဲမဖြစ်ခင်က ၈,၀၀၀ ဈေး၊ အခု ၅,၀၀၀ လောက် ဖြစ်နေတယ်။ သူ့ထက်သေးတာတွေ လည်း ဈေးကျတယ်။ ထိုင်းကတော့ အသေးတွေကို တရုတ်ထက် ဈေးပိုပေးဝယ်တယ်’’ဟု လပွတ္တာမြို့နယ်မှ ကဏန်းလုပ်ငန်းရှင် ဦးရဲဝင်းက ပြောသည်။ တစ်ကောင်လျှင် ၉၀ ဂရမ် နှင့် ၁၂၀ ဂရမ်ကြားရှိသော အရွယ်အစား သေးငယ်သည့် ကဏန်း များကို ယခင်က တစ်ကီလိုလျှင် ကျပ် ၅,၀၀၀ ဈေးဖြင့် ဝယ်ယူရာမှ ယခုအခါ ကျပ် ၅၀၀ သို့ တရုတ် နိုင်ငံက ဈေးနှုန်းလျှော့ချပေး၍ ဈေး နှုန်းပိုပေးသော ထိုင်းနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် တင်ပို့နေ ကြောင်း ဦးရဲဝင်းက ပြောသည်။


‘‘မူဆယ်က သွားမရလို့ ထိုင်း ကို သွားလို့ရမလား စီစဉ်နေတာ  ပါ’’ ဟု မြန်မာနိုင်ငံ ရေထွက် ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦး ထွန်းအေးက ပြောသည်။

တရုတ်နိုင်ငံသို့ နေ့စဉ်က ဏန်းတန်ချိန် ၉၀ ခန့်ကို မူဆယ်နယ် စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တင်ပို့နေပြီး ယခုအခါ ကရင်ပြည်နယ် မြဝတီမြို့မှတစ် ဆင့် ထိုင်းနိုင်ငံသို့ ပြောင်းလဲတင် ပို့နေခြင်းဖြစ်သည်။

၂၀၁၁- ၁၂ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကဏန်းတင်ပို့ရာမှ ကန် ဒေါ်လာသန်း ၁၀၀ ကျော်ရခဲ့သော်လည်း နှစ်စဉ် တဖြည်းဖြည်း ကျ ဆင်းလာရာ ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်၌ ကန်ဒေါ်လာသန်း ၄၀ ခန့် သာရခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ် တွင် ကန်ဒေါ်လာသန်း ၂၀ ကျော် သာရှိတော့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန၏စာရင်းဇယားများအ ရ သိရသည်။ သန်းဌေး

No comments:

Post a Comment