Wednesday, November 30, 2016

တမူးနယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်မှ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံ၏အကူအညီဖြင့် ပြုပြင်မည်

မြန်မာ-အိန္ဒိယနယ်စပ်တမူးနယ်စပ်ကုန်စည်ပို့ ဆောင်ရေးတွင် အဓိကကျသည့် တမူး-ကလေး-ကလေးဝလမ်းမကြီး ပေါ်ရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံအကူအညီဖြင့် ဆောက်လုပ် သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။ ""အိန္ဒိယနိုင်ငံအစိုးရအကူအညီနှင့်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက လွှတ် တော်မှာအတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ လာမယ့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှာ လုပ်ငန်းစနိုင်မယ်လို့သိရပါတယ်""ဟု ကလေးခရိုင်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကိုကိုနိုင်ကပြောကြားသည်။
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးပေါ်ရှိ တံတား ၆၉ စင်း ကို အိန္ဒိယအစိုးရမှ အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၂၁ သန်းဖြင့် အဆင့် မြှင့်တင်ဆောင်ရွက်မည်ဖြစ်သည်။ တမူး-ကလေး ၉၄ မိုင်အတွင်း ပေ ၁၈၀ ကျော်ရှိ တံတားအစင်း ပေါင်း ၁၀ စင်းရှိပြီး၊ တမူး-ကလေး-ကလေးဝအထိ တံတားအစင်း ပေါင်း ၁၅၈ စင်းရှိကြောင်း မှတ်တမ်းများအရသိရသည်။ ယခုအခါတမူး-ကလေးမြို့လမ်းပိုင်းကို ပြည်ထောင်စုအစိုးရ အဖွဲ့မှ စီမံခန့်ခွဲမှုဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိပြီး တမူး-ကလေးဝ လမ်းပိုင်းတွင် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်၌ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေမှ ၉၉၆ ဒသမ ၈၆၁ သန်းဖြင့် ကျောက်စီ ရေမြောင်းဆောက်  လုပ်ခြင်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်ဆက်လက်ပြုပြင်ဆောင်ရွက် သွားမည်ဖြစ်သည်။အဆိုပါလမ်းလုပ်ငန်းများအပြင် မြစ်သာမြစ် ကမ်းတစ်လျှောက်မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများပါ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ MOS

No comments:

Post a Comment