Wednesday, November 30, 2016

နိုင်ငံ၏ အနာဂတ်နှင့် နောက်ဆက်တွဲစာမေးပွဲ

ကျွန်တော်တို့ ပညာရေး လောကက စိတ်တူသူချင်းဆုံမိကြသည့် အခါ မပြောမဖြစ်ပြောမိကြသည်က နိုင်ငံ၏ ပညာရေးအကြောင်းပဲ ဖြစ်သည်။ တစ်လောလေးကပဲ ကိစ္စတစ်ခုဖြင့် ရန်ကုန်ကို ရောက်တော့ မိတ်ဆွေတက္ကသိုလ် ဆရာတစ်ယောက်နှင့် တွေ့သည်။ ထုံးစံအတိုင်း အာလာပသလ္လာပ ပြောကြရင်းက နိုဝင်ဘာ တတိယပတ် အတွင်းက ထွက်ရှိခဲ့သော တက္ကသိုလ်စာမေးပွဲ အောင်စာရင်းများအကြောင်းဆီရောက်သွားသည်။ ထိုနေ့က မိတ်ဆွေ တက္ကသိုလ်ဆရာနှင့် ပြောဖြစ်ခဲ့ကြသည်များမှ နိုင်ငံ၏ ပညာရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်စာမျှဖြစ်စေ အထောက်အကူပေးနိုင်မည် ထင်သည့် အချက်များကို ယခုဆောင်းပါးတွင် ဆွေးနွေးကြည့်လိုပါသည်။  တက္ကသိုလ် ပညာရေးတွင် ၀ိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့သင်တန်းများက လေးနှစ်၊ ပညာရေးဘွဲ့၊ ဥပဒေဘွဲ့များက ငါးနှစ်ရှိခဲ့ရာမှ တပ်မတော် အစိုးရလက်ထက်တွင် တက္ကသိုလ် အသီးသီး၏ သင်တန်းများကို တစ် နှစ်လျှော့ချလိုက်သဖြင့် ၀ိဇ္ဇာ၊ သိပ္ပံဘွဲ့သင်တန်းများက သုံးနှစ်၊ ပညာ ရေးနှင့် ဥပဒေဘွဲ့သင်တန်းများက လေးနှစ်ဖြစ်သွားခဲ့သည်။
စာမေးပွဲ တွင်လည်း ကျရှုံးသည့် ဘာသာရပ်ကို နောက်ဆက်တွဲစာမေးပွဲဖြင့် ပြန်လည်ဖြေဆိုစေကာ အအောင်ပေးသည့် စနစ်ကို ကျင့်သုံးခဲ့သည်။ စနစ်တိုင်းတွင် အားသာချက်၊ အား နည်းချက်ရှိကြ၏။ တက္ကသိုလ်သင်တန်းများကို တစ်နှစ်လျှော့ချလိုက် သည့်အတွက် ကျောင်းသားများ မြန်မြန်ဘွဲ့ရသည်။ မိဘများလည်း တစ်နှစ်စာငွေကုန် သက်သာ သွားသည်။ သို့သော် အားနည်းချက်အ နေဖြင့် ဘာသာရပ်ဆိုင်ရာ တတ် ကျွမ်းမှုလျော့ကျသွားရသည်။ အထူးသဖြင့် အဝေးသင်တက္ကသိုလ်များတွင် နဂိုကတည်းက နေ့တက္ကသိုလ်များထက် သင်ရိုးပြဋ္ဌာန်းမှုလျော့နည်းသဖြင့် သင်တန်းကာလကို တစ်နှစ်လျှော့ချလိုက်သော အခါ ဘွဲ့ရပြီးဘာမျှမတတ်ဟူသောအသံတွေ ထွက်လာခဲ့သည်။

သို့နှင့် ၂၀၁၁-၁၂ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်သင်တန်း များကို ယခင်အတိုင်း ပညာသင် နှစ် တစ်နှစ်ပြန်တိုးကာ ၀ိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့သင်တန်းများက လေးနှစ်၊ ပညာရေးဘွဲ့၊ ဥပဒေဘွဲ့သင်တန်း များက ငါးနှစ်ပြန်လည်
သတ်မှတ် ခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့် ၂၀၁၄-၁၅ ပညာသင်နှစ်တွင် ပညာရေးဘွဲ့၊ ဥပဒေဘွဲ့ရသူများ မရှိဘဲ ယခု ၂၀၁၅-၁၆ ပညာသင် နှစ်ကျမှသာ ပညာရေးဘွဲ့၊ ဥပဒေ ဘွဲ့များရရှိကြမည် ဖြစ်သည်။ ထိုသို့ တက္ကသိုလ်
သင်တန်းများကို တစ်နှစ်ပြန် တိုးလိုက်ခြင်းတွင် လည်း အားသာချက်၊ အားနည်း ချက်များရှိမည်ပင် ဖြစ်သည်။ အားသာချက်အနေဖြင့် ဆိုင်ရာဘာသာ ရပ်တို့တွင် ကျောင်းသားများလေ့ လာဖို့အချိန် တစ်နှစ်ပိုရသည်။ အားနည်းချက်အနေဖြင့် မိဘများ မှာ ပညာသင်စရိတ် တစ်နှစ်ပိုကုန် သည်။ ကျောင်းသားများဘွဲ့ရချိန် တစ်နှစ်ပိုကြာသွားသည်။

ထို့ပြင် ကျရှုံးသည့် ဘာသာ ရပ်ကို ပြန်လည် ဖြေဆိုရသည့် နောက်ဆက်တွဲစာမေးပွဲစနစ်ကို ဖျက်သိမ်းလိုက်သဖြင့် တစ်ဘာ သာကျ၊ နှစ်ဘာသာကျသော ကျောင်းသားများမှာလည်း တစ် နှစ်လုံး ကျောင်းပြန်တက်နေရသည်မှာ ယခုပြန်ပြောင်းလိုက်သည့် စနစ်၏ အကြီးမားဆုံးအား နည်းချက်ပင် ဖြစ်သည်။ ဟိုယ ခင် ပညာသင်နှစ်ထပ်မတိုးမီက နောက်ဆက်တွဲစာမေးပွဲရှိသဖြင့် ခြေချော်လက်ချော် တစ်ဘာသာ၊ နှစ်ဘာသာကျသည့် ကျောင်းသားများမှာ အတန်းသစ်တက်ဖို့ နောက်တစ်နှစ် စောင့်စရာမလိုခဲ့ပေ။ နောက်ဆက်တွဲ စာမေးပွဲတွင် အောင်အောင်ဖြေကာ အတန်း သစ်တက်ခွင့်ရခဲ့ကြသည်။ နောက် ဆုံးနှစ်ကျောင်းသားဖြစ်လျှင် လည်း ကျောင်းပြီးသွားကာ လုပ်ငန်းခွင်
ဝင်လိုသူတို့ ၀င်နိုင်ခွင့်ရ သွားကြသည်။ သို့မဟုတ် အခြား အတတ်ပညာတစ်ခုခုဆက်လက် ရှာမှီးလိုသူတို့ ရှာမှီးဖို့ အချိန်အား ရသွားကြသည်။

ယခုနောက်ဆက်တွဲစာမေး ပွဲစနစ်မရှိတော့သဖြင့် ကျောင်း သားများမှာ တစ်ဘာသာမျှပင် ခြေ ချော်လက်ချော်ဖြစ်ခွင့်မရှိတော့ ပေ။ တစ်ဘာသာတည်းနှင့် တစ် နှစ်လုံးပြန်တက်ရသည်။ အခြား ဘာသာများတက်စရာမလိုဘဲ
ကျရှုံးသည့် တစ်ဘာသာတည်းကိုသာ အချိန်ဇယားအတိုင်း မပျက်မကွက်လာတက်နေရသဖြင့် ထိုတစ်ဘာ သာတည်းအတွက်နှင့် ကျန်တန်ဖိုး ရှိသည့် အချိန်များကို အလဟဿ ဖြုန်းတီးပစ်နေရလေသည်။ သည်လိုနှင့် အချို့ကျောင်းသားများ ကျောင်းပြန်ရောက်မလာတော့ဘဲ ပညာတစ်ပိုင်းတစ်စနှင့် လုပ်ငန်း ခွင်ရောက်သွားတော့သည်။ အဆိုးဆုံးမှာ ကျောင်းပြီးလျှင် အခြေခံ ပညာလုပ်ငန်းခွင်သို့ ချက်ချင်းဝင် ကြရမည့် ပညာရေးတက္ကသိုလ်မှ
နောက်ဆုံးနှစ်ကျရှုံးသူများ ဖြစ် သည်။

သူတို့ထဲတွင် တစ်ဘာသာ၊ နှစ်ဘာသာကျများက အများဆုံး ဖြစ်သည်။ ထိုတစ်ဘာသာ၊ နှစ် ဘာသာအတွက် တစ်နှစ်ပတ်လုံး ကျောင်းပြန်တက်နေရသဖြင့် သူ တို့သာ နစ်နာသည်မဟုတ် သူတို့ အလာကို စောင့်မျှော်နေသည့်
စာသင်ခန်းထဲက ကလေးတွေလည်း နစ်နာကြသည်။

 အစိုးရ ကျောင်းများတွင် ဆရာလိုအပ်ချက်မြင့်မားနေမှု ကြောင့် မူလတန်းတွင် နေ့စားလ ပေးဆရာတွေ ခဏခဏခန့်နေ ရ။ ဆရာအတတ်ပညာ ကောင်း ကောင်းမရှိပါဘဲ အလယ်တန်းပြ ရာထူးတွေတိုးပေးနေရ။ ခွဲကျောင်း
တွေမှာ ဆရာမလုံလောက်လို့ ကန်ထရိုက်စနစ်နှင့် အထက်တန်းပြ တွေ ခန့်နေရချိန်တွင် ဆရာအ တတ်ပညာတွေ၊ ကလေးစိတ် ပညာတွေ ငါးနှစ်လုံးလုံးသင်လာခဲ့ ပြီးမှ တစ်ဘာသာ၊ နှစ်ဘာသာကျ လို့ သူတို့လုပ်ငန်းခွင်ဝင်ဖို့ တစ်နှစ် နောက်ကျသွားခြင်းသည် နိုင်ငံ တော်အတွက်လည်း ဆုံးရှုံးနစ်နာ မှုပင် ဖြစ်သည်။ သူတို့ထဲတွင် ပထမနှစ်ဝက်တက်ပြီး စာမေးပွဲ ဖြေကာ ဒုတိယနှစ်ဝက်ကို အချိန် ဖြုန်းရင်း အောင်စာရင်းစောင့်ရ မည့်သူများ၊ ပထမ
နှစ်ဝက်ကို အချိန်ဖြုန်းကာ ဒုတိယနှစ်ဝက်ကျမှ ကျောင်းတက်ပြီး စာမေးပွဲဖြေရ မည့်သူများ အများအပြားပါသည်။

နောက်ဆုံးနှစ် ကျောင်းသား များကဲ့သို့ပင် အခြားနှစ်များတွင် လည်း တစ်ဘာသာ၊ နှစ်ဘာသာ ကျနှင့် တစ်နှစ်လုံး ကျောင်းပြန် တက်ရမည့် ကျောင်းသားများရှိ သည်။

 ပညာရေးတက္ကသိုလ်ကဲ့သို့ ပင် အခြားဝိဇ္ဇာ၊ သပ္ပံတက္ကသိုလ် များတွင်လည်း တစ်ဘာသာ၊ နှစ် ဘာသာကျနှင့် နောက်ထပ် တစ် နှစ်ထပ်နေရမည့် ကျောင်းသား တွေအများအပြားရှိနိုင်သည်။ တစ်နိုင်ငံလုံးမှာ ရှိသည့် တက္ကသိုလ်တွေ အားလုံးပေါင်းလိုက်လျှင် ထိုသို့ သော ကျောင်းသားပေါင်းထောင် သောင်းချီသွားနိုင်သည်။သူတို့ထဲတွင် အခြေအနေ၊ အကြောင်း အမျိုးမျိုးကြောင့် အမိတက္ကသိုလ်ကြီးဆီသို့ ပြန်ရောက် မလာနိုင်တော့သည့် သူတွေကော မရှိနိုင်ဘူးလား။ ကျွန်တော်သိသည့် သူငယ်လေးတစ်ယောက်ဆိုလျှင် ဒုတိယနှစ်တွင် ဒုတိယနှစ်ဝက်၌ တစ်ဘာသာကျသည်။ သူ့အိမ်က စီးပွားရေးမပြေလည်သဖြင့် ကျောင်းတက်စရာမလိုသေးသည့် ပထမ
နှစ်ဝက်တွင် အလုပ်သွားလုပ်မည်ဟုဆိုကာ မြ၀တီဘက်တက်သွားသည်။ နောက်ကျောင်းတက်ရမည့် ဒုတိယနှစ်ဝက်မှာ လည်း ပြန်ရောက်မလာတော့။ သူ့အိမ်က ကျောင်းတက်ဖို့ လှမ်းခေါ်သည်။ နောက်မှပြန်တက်မည်
ဟုဆိုကာ ပညာရေးဆုံးခန်းတိုင်သွား၏။

ဒါတွေဟာ နိုင်ငံအတွက် တန်ဖိုးရှိသည့် အရင်းအမြစ်တွေဆုံးရှုံး ခြင်းပင် ဖြစ်သည်။ နိုင်ငံ၏ အနာ ဂတ်သည် ယခုလူငယ်တို့၏ လက် ထဲတွင်ရှိသည်။ လူငယ်တွေ ပညာ တတ်မှ နိုင်ငံ၏ အနာဂတ်ကောင်း မည် ဖြစ်သည်။ ကျွန်တော်တို့ သည် သယံဇာတအရင်းအမြစ် များဖြင့် ခေတ်မီတိုးတက်သော နိုင်ငံတစ်ခုတည်ဆောက်၍ မရနိုင် ပါ။ တန်ဖိုးရှိသော လူသားအရင်း အမြစ်များဖြင့်သာ ခေတ်မီတိုး တက်သော နိုင်ငံတည်ဆောက်နိုင် ပါလိမ့်မည်။

ဆရာကြီး ဦးအောင်သင်းက ပြောဖူးပါသည်။ လူသည် သူ့ချည်းတန်ဖိုးရှိသည်မဟုတ်။ ပညာနှင့် ပေါင်းမှ တန်ဖိုးရှိသည်။ လေးတန်း အောင်သော ကလေးထက် ရှစ် တန်းအောင်သော ကလေးက ပို တန်ဖိုးရှိသည်။ ရှစ်တန်းအောင် သော ကလေးထက် ၁၀ တန်း အောင်သော ကလေးက ပိုတန်ဖိုး ရှိသည်။ ၁၀ တန်းအောင်သော ကလေးထက် ဘွဲ့ရကလေးက ပို တန်ဖိုးရှိသည်။ ဘွဲ့ရချင်းတူလျှင် အခြားအတတ်ပညာ တစ်ခုခု
တတ် မြောက်သူက ပိုတန်ဖိုးရှိပါသတဲ့။

ကျွန်တော်တို့ ကလေးတွေ ကို တန်ဖိုးရှိသည့် အရင်းအမြစ် တွေဖြစ်လာအောင် တစ်ဘာသာ၊ နှစ်ဘာသာကျရုံဖြင့် အကျသတ် မှတ်ကာ ကျောင်းသားကို စိတ် ဓာတ်ကျသွားစေမည့်စနစ်မျိုးကို ပြင်သင့်ပြီထင်ပါသည်။ စာမေးပွဲ ဆိုတာ ခြေချော်လက်ချော်ရှိတတ် သည်မို့ နောက်ဆက်တွဲစာမေးပွဲ တွေ ပြန်ထားပေးခြင်းဖြင့် ကျောင်းသားကို စိတ်ဓာတ်မြှင့်တင်ပေး လျှင် သူတို့၏ ဘ၀များကိုသာမက သူတို့မိသားစုဘ၀များကိုပါ ကူညီ ရာရောက်ပါသည်။ ထို့ပြင် နိုင်ငံ တော်၏ အနာဂတ်ကိုလည်း ၀ိုင်း ၀န်းတည်ဆောက်ရာရောက်သည် ဟု ဆိုချင်ပါသည်။     မင်းသန်းထိုက်(ဒေးဒရဲ)

No comments:

Post a Comment