Tuesday, November 22, 2016

ရခိုင်အရေးနှင့်ပတ်သက်သည့် အရေးကြီးအဆို အမျိုးသားလွှတ်တော်တွင် တင်သွင်းရန်ကြိုးပမ်းမှု ပယ်ချခံရ

ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ တိုင်းရင်း သားများ စားဝတ်နေရေးအဆင် ပြေပြီး ဘ၀လုံခြုံရေးနှင့်ပတ် သက်သော အရေးကြီးအဆိုတစ် ရပ်ကို အမျိုးသားလွှတ်တော်သို့ ရခိုင်အမျိုးသားပါတီမှ လွှတ် တော်ကိုယ်စားလှယ်တစ်ဦးက တင်သွင်းရန် ကြိုးပမ်းမှုပယ်ချခံ ရကြောင်း ယင်းပါတီမှ သတင်းရရှိသည်။ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှ ရခိုင်အမျိုးသား ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော် ၀င်းက အဆိုပါအရေးကြီးအဆို ကို နိုဝင်ဘာ ၂၁ ရက်က တင် သွင်းရန် ကြိုးပမ်းခြင်းဖြစ်သည်။ အမျိုးသားလွှတ်တော်သို့ အရေးကြီးအဆိုတင်သွင်းနိုင်ရန် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းထံ တင် ပြရာ အဆိုတွင် ပါဝင်နေသော ကိစ္စရပ်များကို အစိုးရက ဆောင် ရွက်ပေးနေသဖြင့် အဆိုအဖြစ် မတင်သွင်းဘဲ မေးခွန်းအဖြစ်သာ မေးမြန်းပေးရန် ပြောခဲ့သည်ဟု ဦးကျော်ကျော်ဝင်းက ဆိုသည်။



‘‘အဆိုမှာပါတာတွေကို လုပ်နေပါပြီ။ မေးခွန်းအဖြစ် ပြောင်း  မေးမြန်းပေးပါ။ ကျွန်တော်တို့ကဒါကို အကောင်းဆုံးဖြစ်အောင် ကူ ညီပေးပါမယ်လို့ ပြောတယ်’’ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း ဦးကျော် ကျော်ဝင်းက ပြောသည်။

ဦးကျော်ကျော်ဝင်းက တင် သွင်းရန် ကြိုးပမ်းခဲ့သော အရေး ကြီးအဆိုမှာ ‘မောင်တောခရိုင် အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု အားလုံးအသက်အန္တရာယ်ကင်း ဝေးပြီး စားဝတ်နေရေးအဆင်ပြေ စွာ ဘ၀လုံလုံခြုံခြုံရပ်တည်နိုင် ရေး၊ အကြမ်းဖက်သမားများ၊ ကျူးကျော်သူများ နောက်ထပ် မကျူးကျော်နိုင်ရေး စီမံဆောင် ရွက်ပေးပါရန် နိုင်ငံတော်အစိုးရ အား တိုက်တွန်းကြောင်း အရေး ကြီးအဆို’ဖြစ်သည်။

အရေးကြီးအဆိုကို လွှတ် တော်တွင် ဆွေးနွေးခွင့်ပြု၊ မပြု သည် လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ပိုင် ခွင့်ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်ကို လွှတ်တော်ကိုယ် စားလှယ်များက နာခံရမည်ဖြစ် သဖြင့် အရေးကြီးအဆိုအဖြစ် တင်ခွင့်မရသော်လည်း ရခိုင်ပြည်နယ်အရေးကို မေးခွန်းအဖြစ် ဆက်လက်မေးမြန်းမည်ဟု အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောသည်။

ယင်းအရေးကြီးအဆိုကို တင်သွင်းရန် ရခိုင်အမျိုးသား ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဆုံးဖြတ်ထားခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ဘက်တွင် လည်း ရခိုင်ပြည်နယ်အရေးအ တွက် တင်ပြစရာရှိသည်ဟု ယင်း ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဖေသန်းကဆိုသည်။

‘‘ပြည်သူ့လွှတ်တော်ဘက် မှာလည်း အရေးကြီးအဆိုတစ်ခု တင်ဖို့ လုပ်နေပါတယ်’’ဟု ရခိုင်  အမျိုးသားပါတီဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင် ဦးဖေသန်းက ပြောသည်။

ပြီးခဲ့သည့် လွှတ်တော်တွင် လည်း ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် တစ်ဦး တင်သွင်းသော အဆိုတစ်ခုသည် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစိုးရက အကူ အညီပေးရန် တိုက်တွန်းသည့် အဆိုဖြစ်သော်လည်း ရခိုင်လက် နက်ကိုင်အဖွဲ့ တစ်ဖွဲ့ကို ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရရန် ဦးတည်ထားသဖြင့် အဆို၏ ရည် ရွယ်ချက်နှင့် မသက်ဆိုင်သော အကြောင်းအရာများပါဝင်နေ၍ ပယ်ချခံရဖူးသည်။ အောက် တိုဘာလဆန်းက ရခိုင်ပြည်နယ် မောင်တောဒေသရှိ နယ်ခြား စောင့် ရဲစခန်းအချို့ အကြမ်းဖက်တိုက်ခိုက်ခံရမှုများရှိခဲ့ပြီးနောက်နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် အစိုးရ၊ တပ်မတော် နှင့် ရဲတပ်ဖွဲ့တို့က ဆောင်ရွက် လျက်ရှိသည်။ နန္ဒ၊ ရန်မျိုးနိုင်

No comments:

Post a Comment