Wednesday, November 30, 2016

မန္တလေး-မူဆယ်လမ်းကြောင်းတွင် ခရီးသည်တင်ယာဉ်ငယ်များသာ သွားလာမှုရှိနေပြီး ဈေးနှုန်းမှာ ယခင်ထက်အနည်းငယ်မြင့်တက်နေ

ရှမ်းပြည် နယ် (မြောက်ပိုင်း)တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် မန္တလေး-မူဆယ် လမ်းကြောင်းကို ခရီးသည်တင်ကား အသေးများသာထွက်ရှိနေပြီး တစ်ဦး လျှင် ယခင်ဈေးနှုန်းထက်အနည်းငယ် သာမြင့်တက်နေကြောင်း မန္တလေး- မူဆယ်ပြေးဆွဲနေသည့် ခရီးသည် တင်ကားဂိတ်များမှ ကားလက်မှတ် ရောင်းဝယ်ရေးထံမှ သိရသည်။ "ပြီးခဲ့တဲ့နှစ်ရက်လောက်က အွန် လိုင်းမှာ ယာဉ်တစ်စီးကိုသုံးသိန်းဆို ပြီးပေါ်ထွက်ခဲ့တယ်။ အဲဒါကမှား တယ်။ ကားတွေက မထွက်ကြတော့ ကျပ် ၅၀၀၀ ကနေ ကျပ် ၈၀၀၀ ၀န်းကျင်တော့ တက်တာရှိတယ်။ ထွက်မယ့်ကားမှမရှိတာ။ ယခင် မူဆယ်-မန္တလေး ခရီးသည်တင်ယာဉ် တွေထွက်ရှိနေပေမယ့် အခုဆယ်ပုံ တစ်ပုံလောက်သာ ထွက်ရှိနေတဲ့ အတွက်ကြောင့် ကားသမားတွေ က ခရီးလမ်းကြောင်း နဲ့ကိုက်ညီအောင် အနည်းငယ်သာ ဈေးတက်ရခြင်း ဖြစ်ပါတယ်။ ဒီလိုဈေးတက်နေတာ တစ်ပတ်လောက်ရှိပြီ " ဟု ရွှေနန်းစံ မန္တလေး-လားရှိုး-မူဆယ်ကားဂိတ် မှ ဦးနိုင်လင်းကပြောကြားသည်။

တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် မန္တလေး-မူဆယ်လမ်းကြောင်းအား ခရီးသည်တင်ယာဉ်များ ရက်အကန့် အသတ်မရှိ ရပ်နားထားသော်လည်း အချို့ယာဉ်လိုင်း အသင်းများမှာ ယာဉ်ငယ်များဖြင့် ပြေးဆွဲလျက်ရှိရာ ခရီးသည်တစ်ဦးလျှင် ကားအမျိုး အစားပေါ်မူတည်၍ ယခင်ဈေးနှုန်း ထက်ကျပ်၅၀၀၀ မှ ကျပ် ၈၀၀၀ ခန့် ဈေးနှုန်းမြှင့်ကာ ပြေးဆွဲလျက်ရှိသည်။
"မန္တလေးက အတက်ကားတွေ က ဈေးအပြောင်းအလဲကအနည်း ငယ်ပဲ။ တချို့ကလည်းမပြောင်းဘူး။ ကားအထွက်နည်းသွား တာပဲ ရှိ တယ် " ဟု မန္တလေးမြို့ရှိယာဉ်လိုင်း ပေါင်းစုံလက်မှတ်ရောင်းဝယ်သူ တစ်ဦးက ပြောသည်။
မန္တလေး-မူဆယ် ကား လက် မှတ်ဈေးနှုန်းမှာ ယခင်ကခရီးသည် တစ်ဦးလျှင် အသက်အာမခံကြေး အပါအ၀င် ငွေကျပ် ၁၀၈၀၀ ရှိပြီး ယခုလက်ရှိတွင် ကားအမျိုးအစား ပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ် ပြောင်းလဲနေကြောင်း၊ မူဆယ်- လားရှိုးဂိတ်မှအဆင်း လျှင် ပုံမှန်ကား လက်မှတ်တစ်စောင် လျှင် ငွေကျပ် ၁၀၀၀၀ ဈေးရှိပြီး ယခုချိန်တွင် ကျပ်၅၀၀၀ မှ ကျပ် ၈၀၀၀ အထိ တိုးမြှင့်နေကာ စင်း လုံးငှားကားမှာ လည်း ကားအမျိုးအစားပေါ်မူတည် ၍ မတ်တူးကားရှေ့ခန်းတစ်ဦးလျှင် ငွေကျပ် ၃၅၀၀၀၊ နောက်ခန်း ကျပ် ၂၅၀၀၀ နှုန်းဖြင့် ပုံမှန်ပြေးဆွဲနေ ကြောင်း သိရသည်။
MTK

No comments:

Post a Comment