Friday, November 18, 2016

ထိန်းသိမ်းထားသူတစ်ဦးကျန်းမာရေးမကောင်းသဖြင့် ဆေးကုသပေးလျက်ရှိ

အမှတ် (၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်တစ်ဦးဦးစီးသည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၄ ရက်နေ့၊ နံနက် ၇ နာရီ ၄၅ မိနစ်တွင် မောင်တောမြို့နယ်၊ မြဇင်ကျေးရွာသို့ နယ်မြေ ရှင်းလင်းစဉ် အဆိုပါကျေးရွာနေ အဒူဟာမီ၏ နေအိမ်အတွင်းမှ တုတ်၊ ဓါးများ ကိုင်ဆောင်ထားသည့် မသင်္ကာသူ ၁၄ ဦးအား စစ်ဆေးဖမ်းဆီးရမိခဲ့ပြီးအမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်) တွင် ထိန်းသိမ်းထားခဲ့သည်။ အဆိုပါ အဖွဲ့မှ လောင်းဒုံ ကြက်ချောင်း ကျေးရွာနေ အီဒီရက်စ် (၂၅) နှစ် (ဖ) ရှောင်ရှူ အာလောင် ဆိုသူသည် သွေးအားနည်း ရောဂါ ခံစားနေရသဖြင့် ဆေးတပ်စုမှ ဆေးကုသပေးလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment