Wednesday, November 23, 2016

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးရွာ ၄၀၀၀ ကျော် လျှပ်စစ်မီးမရသေး

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ကျေးရွာပေါင်း ၆၀၀၀ ကျော်ရှိပြီး ပင်မလျှပ်စစ်ဓာတ် အားစနစ်ဖြင့် မီးမလင်းနိုင်သေး သောကျေးရွာပေါင်း ၄၄၇၇ ရွာ ရှိနေသေးကြောင်း တိုင်းလျှပ်စစ် အင်ဂျင်နီယာရုံးမှ သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်ကိုးခုတွင် ဓာတ်အားစနစ်ဖြင့် လျှပ်စစ်မီးရရှိသော ကျေးရွာမှာ ၁၅၂၃ ကျေးရွာသာ ရှိသည်။နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသနှင့်စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ကျန်ကျေးရွာများတွင် ရေ အား၊ စပါးခွံလောင်စာမီး၊ ဒီဇယ် ဆီဖြင့်စက်မောင်းပေးသောမီး၊ေ န ရောင်ခြည်သုံးဆိုလာ စွမ်းအင်မီး များဖြင့် ကိုယ်ထူကိုယ်ထ မီးရရှိနေ သောကျေးရွာများ လည်းရှိနေသည်။ ""ဓာတ်အားရော၊ အခြားစွမ်း အင်တွေပါဆို ရွာပေါင်း ၄၈၇၇ ရွာမီးလင်းထားပါတယ်၊ ဓာတ်အား ချည်းပဲဆိုရင်တော့ ၁၅၂၃ ရွာပဲ မီး လင်းသေးတာပါ၊ ၂၀၃၀ မှာတော့ တစ်နိုင်ငံလုံးမီးလင်းဖို့ နိုင်ငံတော် ကပြင်ပချေးငွေနဲ့ဆောင်ရွက်နေတာ ရှိပါတယ်""ဟု ဒုတိယတိုင်းလျှပ်စစ် အင်ဂျင်နီယာ ဦးခန့်ထက်က နိုဝင် ဘာ ၂၁ ရက်တွင်ပြောကြား
သည်။
ဓာတ်အားစနစ်ဖြင့် လျှပ်စစ် မီးရရှိသော ကျေးရွာများတွင် ရွှေ ဘိုခရိုင်အတွင်း ကျေးရွာများက အ များဆုံးရရှိထားပြီး ရွာပေါင်း ၄၇၁ ရွာမီးလင်းထားပြီးဖြစ်သည်။ စစ်ကိုင်း တိုင်းအထက်ပိုင်းခရိုင်များဖြစ်သော ကလေး၊ တမူး၊ မော်လိုက်၊ ခန္တီးခရိုင် နှင့်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သတို့ရှိ ကျေးရွာများသည် ပင်မဓာတ် အားစနစ်ဖြင့် လျှပ်စစ်မီးလုံးဝမရ သေးကြောင်း သိရသည်။
""တချို့ကျေးရွာလေးတွေကျ အိမ်ခြေဆယ်ဂဏန်းလောက်ပဲရှိ တာ၊ ဒီလိုနေရာတွေကျ ပင်မလျှပ် စစ်ကနေမီးရဖို့ ဓာတ်အားခွဲရုံလုပ် ရင်လည်း ကုန်ကျစရိတ်များလို့ သူ တို့လည်း မီတာတပ်ပြီးမယူနိုင်ဘူး၊
ဒါကြောင့်ရေအားလျှပ်စစ်လိုမျိုးရရင် အသေးစားလုပ်ပြီး မီးပေးတာမျိုး ရှိတယ်""ဟု တိုင်းလျှပ်စစ်ရုံးမှ အရာ ရှိတစ်ဦးကပြောကြားသည်။၂၀၁၄ ခုနှစ်သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း အလင်းရောင်အတွက် လျှပ်စစ်မီးအသုံးပြုမှုမှာ ၂၄ ဒသမ ၂ရာခိုင်နှုန်းသာရှိပြီး
ရေနံဆီမီး၊ ဖယောင်းတိုင်မီး၊ ဘက်ထရီအိုးမီး၊ မီးစက်၊ ပုဂ္ဂလိကရေအားလျှပ်စစ်နှင့် ဆိုလာပြားများဖြင့် မီးရရှိသုံးစွဲမှုမှာ ၇၅ရာခိုင်နှုန်းကျော်ရှိကြောင်း သိရ သည်။
KTS

No comments:

Post a Comment