Tuesday, November 22, 2016

ကိုလံဘီယာနိုင်ငံထိပ်တန်းမူးယစ်ဂိုဏ်းသား ၂၂ ဦးကို ဖမ်းဆီး

ကိုလံဘီယာရဲတပ်ဖွဲ့က နိုင်ငံ ၏ ထိပ်တန်းမူးယစ်ဆေးဝါးဂိုဏ်းသားဟု သံသယရှိသူ ၂၂ ဦးကို ဖမ်း ဆီးလိုက်ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့သည် ကိုကင်းမူးယစ်ဆေးဝါးများကို အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသို့တင်ပို့နေခြင်းကြောင့် ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။  ဖမ်းဆီးလိုက်သူများမှာ Clan del Golfo ဂိုဏ်းမှဖြစ်ပြီး ဂိုဏ်း၏ထိပ်ပိုင်းပုဂ္ဂိုလ်နှစ်ဦးပါဝင်ကြောင်း၊ ၎င်းတို့မှာ ဂျွန်ပင်တိုနှင့်ဝီလာဒူအာတေတို့ဖြစ်ကြောင်း၊ ၎င်းတို့အား ဂိုဏ်းဖွဲ့သတ်ဖြတ်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုသယ်ယူခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်းတို့ဖြင့် စွဲဆိုထားကြောင်း ရဲတပ်ဖွဲ့မှ ရဲမင်းကြီးဂျော့ခ်ျနီရိုက သတင်းထောက်များကိုပြောကြားခဲ့ သည်။ ရဲတပ်ဖွဲ့ကြေညာချက်တစ်ခု တွင် နှစ်ဦးမှာမူးယစ်ဆေးဝါးများကို ဗဟိုအမေရိက၊ အမေရိကန်၊ ဗြိတိန်၊ စပိန်၊ အီတလီနှင့်နယ်သာလန်နိုင်ငံ များသို့ သယ်ယူမှုဖြင့် ဖမ်းဆီးခဲ့သည် ဟုဖော်ပြခဲ့သည်။ ဤဖမ်းဆီးမှုမြှင့်တင်ခြင်းမှာ ဤဂိုဏ်းက မူးယစ်ဆေးဝါးများကို ရုရှားသို့အထိ ဖြန့်ဖြူးရေးရောင်းဝယ် ခဲ့၍ဖြစ်သည်ဟု ကြေညာချက်ကဆို သည်။ ရဲတပ်ဖွဲ့က ၎င်းတို့သည် Clan del Golfo ဂိုဏ်းဝင် လူ၉၀၀ကျော် ကို ဖမ်းဆီးထားကြောင်း၊ လွန်ခဲ့သော နှစ်နှစ်ကျော်မှစ၍ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ ဤဂိုဏ်းအား ယခင်ကလက်ယာယိမ်းအရန်တပ်ဖွဲ့ဝင်များက ထူထောင် ခဲ့ခြင်းဖြစ်ကြောင်း၊ ဤအုပ်စုအား ၂၀၁၃ မှ ၂၀၁၆အထိ ပိတ်ပင်ထား ခဲ့ကြောင်း သက်ဆိုင်ရာကပြောကြား ခဲ့သည်။ Ref:AFP

No comments:

Post a Comment