Wednesday, November 30, 2016

လက်ပံတောင်းတောင်သပိတ်စခန်းများဖြိုခွဲခံရခြင်း လေးနှစ်ပြည့်အဖြစ် ဒေသခံများ ၀မ်ပေါင်ရုံးရှေ့ ချီတက်ဆန္ဒထုတ်ဖော်၊ လုံခြုံရေးရဲတပ်ဖွဲ့ မှတားဆီးရာ ဆန္ဒပြသူများနှင့် အချင်းများ

လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရှေ့အတွက် ဒေသခံကျေးရွာ ၂၀ ကျော်မှ မြန်မာ-၀မ်ပေါင်ရုံးပတ် လည် သပိတ်စခန်းများစွဲ၍  ဆန္ဒပြခဲ့ မှုကို ရဲတပ်ဖွဲ့မှ ဖြိုခွင်းခံခဲ့ရခြင်း လေးနှစ်ပြည့် အဖြစ် ဒေသခံများမှ စီမံကိန်းဂိတ်ပေါက်ထိ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်က ချီ တက်ဆန္ဒပြခဲ့ကြသည်။ တုံကျေးရွာ ငါးရွာ၊ ဇီးတော၊ ဆည်းတည်း၊ မိုး ကြိုးပြင်စသောကျေးရွာများမှ ဒေသ ခံအင်အား ၂၀၀ ခန့်သည် လက်ပံ တောင်းတောင် ကယ်တင်စောင့်ရှောက် ရေးအလံကို ကိုင်စွဲ၍ ချီတက်ဆန္ဒ ပြခဲ့ပြီး မုံရွာ-ပုသိမ်လမ်းပေါ်အရောက် တွင် လုံခြုံရေးရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော်ခန့်မှ မြန်မာဝမ်ပေါင်ရုံးဂိတ် ပေါက်ထိ မချီတက်ရန် သုံးကြိမ် လူ တံတိုင်းဖြင့် ပိတ်ဆို့တားမြစ်ရာ ဆန္ဒ ပြအဖွဲ့မှ ဖောက်ထွက်စဉ် အချင်းများ ခဲ့ကြကြောင်း သတင်းရရှိသည်။

""စီမံကိန်းမှာ တောင်းဆိုစရာ ပြောစရာရှိလို့ အထဲက တရုတ်တွေ ဆီ သွားပြောမှ သိရမှာပါ၊ ဘာမှ ဖျက် ဆီးဖို့မဟုတ်ပါဘူး။ ဒါကြောင့် ရဲတွေ တားတာကို လက်မခံဘဲ သွားတာပါ။ သီးနှံလျော်ကြေးလည်း တောင်းတာ အကြိမ်ပေါင်းမနည်းဘူး။ ဘယ်သူမှ မပေးဘူး။ မတရားမြေယာတွေ သိမ်း ဆည်းခဲ့တယ်။ ခုထိ လေးနှစ်ရှိပြီ။ ဘယ်အာဏာပိုင်ကမှ
သံဃာတော် တွေ၊ ဒေသခံတွေ ဒုက္ခရောက်နေတာ။ ဆင်းရဲတွင်း နက်နေတာ ဘာမှ လုပ် မပေးဘူး။ ဒီကုမ္ပဏီကြီးဆိုလည်း ဒေါ်အောင်ဆန်းစုကြည် အစီရင်ခံ စာမှာ လယ်ဧက ၁၉၀၀ ပြန်ဖော် ဆောင်ပေးရမယ်ပါပြီး၊ ခုချိန်ထိ တောင်သူတွေ လက်ထဲမယ် လယ် တစ်ဧကမှ မရောက်သေးပါဘူး။ ၂၀၁၄ ခုနှစ် ဦးသိန်းစိန်လက်ထက်က ဒီကုမ္ပ ဏီကြီးက လုပ်ငန်းဖော်ဆောင်ရေး ကော်မတီဆိုပြီး ရှိခဲ့တယ်။
ဒီ NLD အစိုးရတက်လာတော့ လုပ်ငန်းဖော် ဆောင်ရေးကော်မတီမရှိဘဲ လုပ်တာ၊ တရားမ၀င်သလား၊ ၀င်သလား ဖြေ ပါ။ ကျုပ်တို့ တောင်သူလယ်သမား တွေကို သီးနှံလျော်ကြေးကို အမြန် ဆုံးဖြေရှင်းပေးပါလို့၊ သမ္မတ ဦးထင် ကျော်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြင့်နိုင် နဲ့ အစိုးရအားလုံးကို တောင်းဆိုပါ တယ်""ဟု ဆန္ဒပြသူ မရီရီဝင်းက ပြော သည်။
ဆန္ဒပြအဖွဲ့တွင် သပိတ်စခန်း ဖြိုခွင်းခံရစဉ်က မီးလောင်ဒဏ်ရာရ ခဲ့သော သံဃာတော်များထဲမှ ဦးစန္ဒာ သီရိနှင့် ဦးဓမ္မသာရက ဦးဆောင် ကြွချီခဲ့သည်။လုံခြုံရေးရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက ""မြို့နယ်ရဲတပ်ဖွဲ့ရုံးမှာ ဆန္ဒ ပြခွင့်တင်တုန်းက ပုသိမ်-မုံရွာလမ်း ဆုံအနီးလို့ပဲ ချီတက်ခွင့်ပြုခဲ့တာပါ။ ဒါကြောင့် ကိုက် ၃၀၀ လောက်ဝေးတဲ့ ကုမ္ပဏီ မိန်းပေါက်ထိ ချီတက်ခွင့် မပြုလို့မို့ တာဝန်အရတားမြစ်တာ ဖြစ်ပါတယ်""ဟု ပြောသည်။
ဆန္ဒပြသူများသည် လူတံတိုင်း ဖြင့် ကာဆီးထားသော ရဲတပ်ဖွဲ့ကို ကျော်လွှားပြီး မူလလယ်တီသိမ်ဟောင်း သွားရာလမ်းသို့ ချီတက်ရာ လုံခြုံရေး ရဲများမှ ဂိတ်ပေါက်တံခါးအား ပိတ် ၍ တားဆီးခဲ့သဖြင့်
အော်ဟစ်ကြေွး ကြော်ဆန္ဒပြမှုများလုပ်၍ ပြန်ခဲ့ကြ သည်။
ဆရာတော် ဦးဓမ္မသာရက ""ဦးဇင်းတို့ ခန္ဓာကိုယ်တောင် ပေးဆပ် ပြီး ဒေသခံတွေကို ကာကွယ်တောင်း ဆိုပေးခဲ့ပြီး
ရပ်တည်ပေးခဲ့တာပါ။ ခုချိန် ထိ မီးလောင်ဗုံးနဲ့ ဖြိုခွင်းတာ ဘယ် သူလဲဆိုတာကို တရားခံဖော်ထုတ် ပြောခဲ့တာမရှိဘူး""ဟု မိန့်ကြားသည်။ တုံတောကျောင်းမှ မစန်းနွဲ့က လည်း ""စီမံကိန်းက လက်လွတ်စပယ် လုပ်တယ်။ မိုးရွာရင်လည်း ရွှေလှေ တံတားကနေ စီမံကိန်းရေတွေ ဖောက် ချလို့ ယာမြေတင်မကဘူး၊ ကျွန်းမြေ တွေ မြေဆီလွှာပါ ခန်းခြောက်ပျက် တယ်။ ဒေါ်အောင်ဆန်းစုကြည် အကြံ ပြုခဲ့တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အတိုင်း တစ်ခုမကျန်လုပ်ပေးဖို့လို တယ်။ အစားထိုးမြေဧက ၁၉၀၀ ဖော် ဆောင်ပေးမယ်ဆိုလည်း မပေးဘူး၊ သူတို့က လုပ်ငန်းဖော်ရေး
ကာလ၊ တည်ဆောက်ရေးကာလဆိုပြီး အခု ကြေးနီထုတ်နေပြီ။ စုံစမ်းရေးကော် မရှင်ပါအချက်တွေ အကုန်မလုပ်ဘဲ စီမံကိန်းကို လုပ်နေတာစီမံကိန်းကို ရပ်သင့်ပါတယ်""ဟု ပြောသည်။
ဒေသခံများသည် အကြမ်းဖက် ၀ါဒ ဆန့်ကျင်ကြ၊ မီးလောင်ဗုံးသုံး တရားခံအား ဖော်ထုတ်အရေးယူပေး ရေး၊ အစားထိုးမြေဧက ၁၉၀၀ ဖော် ထုတ်ပေးရေး၊ သိမ်းဆည်းခံမြေယာ များ၊သီးနှံများ လျော်ကြေးပေးရေး၊
လုပ်ငန်းဖော်ဆောင်ရေးကော်မတီမရှိသော ကြေးနီစီမံကိန်း ချက်ချင်းရပ်""
ဟု ကြွေးကြော်သံများ ဟစ်ကြေွးခဲ့ ကြသည်။ဒေသခံများ သဘော
မတူသော ကြေးနီစီမံကိန်းရပ်ဆိုင်းပေးရန် လက် ပံတောင်းဒေသခံ
များသည် အခြေစိုက်သပိတ်စခန်းများကို မြန်မာ-၀မ် ပေါင်ရုံး
ဂိတ်ပေါက်ခြောက်ခုတွင် ပိတ်ဆို့၍ ရက်ရှည်ဆင်နွှဲခဲ့ရာ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ ညတွင် လုံထိန်းရဲတပ်ဖွဲ့၏ ဖြိုခွင်းခြင်းကို ခံခဲ့ရကြောင်း သိရသည်။

No comments:

Post a Comment