Monday, November 28, 2016

ရှမ်းနှစ်သစ်ကူးပွဲ ပထမနေ့ ကျင်းပ

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပသည့် ၂၀၁၆ ခုနှစ် ရှမ်းနှစ်သစ်ကူး မီးပုံးပျံပြိုင်ပွဲကို ယနေ့(နိုဝင်ဘာ ၂၇ ရက်) တွင် ပထမနေ့အဖြစ် အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှမ်းနှစ်သစ်ကူး မီးပုံးပျံပြိုင်ပွဲကို သုံးရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ပထမနေ့တွင် နေ့လွှတ်အရုပ်ပေါင်း ၃၄ လုံးလွှတ်တင်ခဲ့ပြီး မီးပုံးပျံ စုစုပေါင်း ၁၆၆ လုံး ပြိုင်ပွဲဝင်ရန် စာရင်းပေးထားကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ သိရသည်။

No comments:

Post a Comment